မှော်ဘီမှာရှိတဲ့ခင်လှိုင်ရဲ့ခြံကြီးဆီကို တစ်ညအိပ်သွားရောက်ပြီး ချစ်ညီအစ်ကိုတွေနဲ့ တပျော်တပါးစားသောက်ခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

//s9.kh1.co/4a/4a3efbb075962a2581c907f2be957ed066cbd21e.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

မှော်ဘီမှာရှိတဲ့ခင်လှိုင်ရဲ့ခြံကြီးဆီကို တစ်ညအိပ်သွားရောက်ပြီး ချစ်ညီအစ်ကိုတွေနဲ့ တပျော်တပါးစားသောက်ခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယို

မြင့်မြတ်ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုကို အများဆုံးရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မြင့်မြတ်က မာန်မာနကင်းစင်ပြီး ဖော်ရွေလွန်းလို့ ပရိသတ်တွေကပိုချစ်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က အားလုံးအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိသလို ပျော်ပျော်လည်းနေတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။

Photo Credit-Myint Myat's FB Acc
Photo Credit-Myint Myat's FB Acc
Photo Credit-Myint Myat's FB Acc
Photo Credit-Myint Myat's FB Acc
Photo Credit-Myint Myat's FB Acc
Photo Credit-Myint Myat's FB Acc

မြင့်မြတ်က ချစ်ဇနီးနဲ့သားလေးကို အလေးထားပြီး ဂရုတစိုက်ချစ်ပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ မြင့်မြတ်ကအနုပညာလောကသားတွေနဲ့ဆိုရင်လည်း ညီအစ်ကိုမောင်နှမတွေပမာ ခင်မင်ရင်းနှီးနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညမှာ မြင့်မြတ်က သူနဲ့အရမ်းခင်တဲ့ ခင်လှိုင့်ဆီကို အလည်တစ်ခေါက်သွားရောက်ပြီး ပျော်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Myint Myat's FB Page
Photo Credit-Myint Myat's FB Page

မြင့်မြတ်က K ညီ၊ ထူးခြားတို့နဲ့အတူ မှော်ဘီမှာရှိတဲ့ ဦးခင်လှိုင်ရဲ့ခြံကြီးမှာ တစ်ညအိပ်ခဲ့တာဖြစ်ပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မြင့်မြတ်က "ကျွန်​တော်တို့ညီအစ်ကို​တွေ ​ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ပုံရိပ်​လေးကို ချစ်ပရိသတ်​များလည်း ကျွန်​တော်နဲ့ထပ်တူပျော်ရွှင်ရ​အောင် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ... " ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ဦးခင်လှိုင်ရဲ့ခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညကိုဖြတ်သန်းခဲ့တဲ့ မြင့်မြတ်တို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Myint Myat's FB Page Vlog Making - LinnHtetAung

Photo Credit-Myint Myat's FB Page
Photo Credit-Myint Myat's FB Page
Photo Credit-Myint Myat's FB Page
Photo Credit-Myint Myat's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T