ချစ်ရတဲ့ ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဘေဘီမောင်ကတော့ သူမရဲ့ ညီမငယ်လေးဖြစ်တဲ့ သံစဥ်မောင်ကို ဘဝအတွက် အရေးပါတဲ့ ဆုံးမစကားလေး ပြောလိုက်ပြန်ပါပြီ။ ညီမငယ်ရဲ့ အချစ်ရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လေ့မရှိပေမယ့် အရင်တစ်ခါက ဖြစ်ပွားခဲ့တဲ့ အရာလေးမှာတော့ ညီမငယ်လေးဘက်က မားမားမတ်မတ်ရပ်တည်ပြောဆိုခဲ့တာလည်း ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။



ဘေဘီက ယခုလို အစ်မကြီးတစ်ယောက် ပီသတဲ့အတွက် ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ ချီးကျူးနေတာကိုလည်း တွေ့ရပါတယ်။ အရင်ကထက် ညီမလေးကို အချိန်ပိုပေးကာ အချစ်ပိုနေတဲ့ ဘေဘီက ယနေ့မှာလည်း နှစ်ယောက်သား ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာကာ တကယ့်ဘဝလက်တွေ့မှာ အကျိုးရှိတဲ့ စာသားလေးတွေနဲ့ ဆုံးမလာခဲ့ပါတယ်။



ဒါကတော့ " ညီမလေးရေ ယောကျာင်္းလေးတစ်ယောက်ရဲ့ ရုပ်ဆင်းရူပါကာကိုမကြည့်နဲ့သူ့ရင်ထဲကခွှင့်လွှတ်နိုင်စွမ်းကိုကြည့်ပါ ညီမလေးရေ ယောကျာ်း တစ်ယောက်ရဲ့အောင်မြင်မှု့နဲ့ဂုဏ်ကိုမကြည်နဲ့ သူဆီက ကိုယ်ကျင့်တရား နဲ့ ရိုးသားမူ့ကို့ကြည့်နော် ချစ်တဲ့ညီမလေးတွက် ဘဝလက်တွဲဖော်ကောင်းလေးတွေ့ပါစေချစ်တဲ့မကြီး " ဆိုပြီး ရေးသားလာတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်......။


သတင်းအရင်းမြစ်: Photo credit - Baby Maung's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။