ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့တဲ့ သူလည်းဖြစ်ပြီးတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ဘုန်းလျှံဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ ပြစ်မှုကျခံခဲ့ရပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာအလုပ်တွေကိုရော စီးပွားရေးလုပ်ငန်းတွေပါ သေချာအာရုံစိုက်ပြီး ဦးဆောင် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်.....။


ဒါ့အပြင် မကြာသေးခင်ကမှ ချစ်သူလေးနဲ့အတူ လက်ထက်ထားတာဖြစ်ပြီး သာယာပျော်ရွှင်စရာဘဝလေးကို ဖြတ်သန်းပိုင်ဆိုင်ထားတာပါ။ နားလည်မှုအပြည့်နဲ့ လက်တွဲခိုင်မြဲလာကြတဲ့ သူတို့ စုံတွဲလေးကို ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်ကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို နှစ်ယောက်အတူ ကြိုးစားလုပ်ကိုင်ကြရင်း ဘဝကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ ဘုန်းလျှံက အလိုက်သိပြီး နားလည်မှုရှိတဲ့ ချစ်ဇနီးချောလေးကို ပွေ့ဖက်ကာ အချစ်ပိုနေခဲ့တာပါ။ ကြည်နူးစရာ နှစ်ယောက်ပုံရိပ်လေးကို တင်ပေးလာရင်း " My lovely wife My ပါရမီဖြည့်ဖက် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားလာတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.....။


သတင်းအရင်းမြစ်: Photo credit - Bhone Hlyan's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။