ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်အချစ်တွေ သိမ်းပိုက်ထားသူကတော့ ဝါရင့်သရုပ်ဆောင်အကယ်ဒီမင်းသားကြီး လွင်မိုးပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း ပရိသတ်တွေရဲ့အချစ်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့အပြင် အနုပညာရှင်တွေကပါ လေးစားချစ်ခင်နေကြတာပါ..။

Photo Credit - Si Thu Maung's Fb Acc

အခုတစ်ခါမှာလည်း စည်သူမောင်တစ်ယောက် သူကိုယ်တိုင်ရောင်းချနေတဲ့ ဝက်သားပေါင်းကို လွင်မိုးအတွက် အိမ်တိုင်ရာရောက်သွားရောက် ပို့ဆောင်ခဲ့ပါတယ်နော်..။

လွက်မိုးအိမ်ကို ကိုယ်တိုင်သွားပို့ပေးခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း စည်သူမောင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး လွင်မိုးရဲ့ မှတ်ချက်လေးတွေကိုလည်း စောင့်မျှော်နေမယ့်အကြောင်း ပြောထားပါတယ်နော်..။

Photo Credit - Si Thu Maung's Fb Acc
Photo Credit - Si Thu Maung's Fb Acc

"ကိုလွင်မိုးကတော့ ဖြိုး ဝက်သားပေါင်းလေးစားပြီးရင် သူ့အမြင်ကိုပြောမယ် .. ကောင်းမှာပါ သူသိတယ်တဲ့ ...

မျှော်နေပါပြီ အစ်ကို .." ဆိုပြီး ဓာတ်ပုံလေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

အမှတ်တရပုံလေးတွေရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း နှသ်ယောက်လုံးကို ချစ်ခင်အားပေးနေကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Si Thu Maung's Fb Acc
Photo Credit - Si Thu Maung's Fb Acc

သတင်းအရင်းမြစ်: Si Thu Maung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။