ပကာသနကင်းပြီး ရိုးရှင်းအေးချမ်းတဲ့ ကြည်နူးစရာမွေးနေ့အလှူလေးတွေ ပြုလုပ်ခဲ့တဲ့ နိုင်နိုင်း

//s9.kh1.co/2c/2c31d4e71a148621c7a01213247974e2851c88f1.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. နိုင်နိုင်းလို့ ဆိုလိုက်တာနဲ့ သူမတူတဲ့သရုပ်ဆောင်ဟန်ပန်တွေအပြင် တည်ငြိမ်ခန့်ညားပြီးယောက်ျားပီသကာ ဆွဲဆောင်မှုရှိတဲ့ပုံရိပ်လေးတွေကြောင့် ဆယ်စုနှစ်တွေကတည်းက မိန်းကလေးပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ မင်းသားချောတစ်ဦးကို အားလုံးပဲမြင်ယောင်မိကြမှာပါနော်..။

အချိန်အတော်ကြာ အနုပညာအလုပ်တွေနည်းပါးသွားခဲ့ပြီး မကြာခင်ကမှ ပြန်လည်လုပ်ဆောင်ကာ ပရိသတ်အချစ်တွေ ယနေ့အချိန်ထိ အခိုင်အမာသိမ်းပိုက်ထားနိုင်တဲ့ နိုင်နိုင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့လေးမှာ မွေးနေ့ကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပါတယ်..။

Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc

မွေးနေ့ကုသိုလ်လေးအဖြစ် ညီဖြစ်သူ အောင်မင်းခန့်နဲ့အတူ မှော်ဘီနမ့်ခမ်းကျောင်းမှာ အေးချမ်းကြည်နူးစရာ အလှူလေးတွေကို သွားရောက်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်နော်..။

"မွေးနေ့အမှတ်တရ... ညီတော်မောင် အောင်မင်းခန့် ကားမောင်းလိုက်ပို့.." ဆိုကာ သူ့ရဲ့မွေးနေ့အလှူလေးကို နိုင်နိုင်းက ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc

"ဒီနေ့မနက် မှော်ဘီနမ့်ခမ်းကျောင်းမှာ ကို9 မွေးနေ့ဝိုင်းကူ ဝိုင်းလှူ ၇ရက်သားသမီး အပေါင်း သာဓုခေါ်နိုင်ပါစေ.." ဆိုပြီးတော့လည်း အစ်ကိုဖြစ်နိုင်နိုင်းရဲ့ မွေးနေ့အလှူလေးမှာ ပါဝင်ကုသိုလ်ယူထားတဲ့ အမှတ်တရဓာတ်ပုံလေးကို အောင်မင်းခန့်ကလည်း မျှဝေထားပါသေးတယ်နော်..။

ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည်နူးပြီးအေးချမ်းစရာကောင်းလွန်းတဲ့ နိုင်နိုင်းရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျကာ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Actor99's Fb Acc
Photo Credit - Actor99's Fb Acc

သတင်း အရင်းအမြစ်

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T