အသက်အရွယ်တူတဲ့ သူတို့ သုံးယောက်ဟာ မိမိ ပရိသတ် နှင့် မိမိ ရှိပြီးသားပါ။ ရွှေမှုန်ရတီကတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးအနေ နှင့် အနုပညာလုပ်ငန်းတွေကို လှုပ်ရှားနေပြီး ယွန်းဝတီလွင်မိုးကတော့ ကြောငြာတွေ ဖိုတိုရှုတင်တွေသာရိုက်ကူးသူပါ။ Wake Up Daddy နှင့်နာမည်ကြီးလာတဲ့ ပန်းရောင်ခြယ်ကတော့ အဆိုတော်မလေးဖြစ်ပါတယ်။ မတူညီတဲ့ ခြေလှမ်းတွေ လျှောက်လှမ်းနေကြတဲ့ သူတို့ သုံးယောက်ဟာ မနေ့ကကျင်းပခဲ့တဲ့ KBZ ဘဏ်ရဲ့ပွဲတစ်ပွဲမှာ ယခုလိုဘဲတွေ့ရမှာပါ။

ရွှေမှုန်ရတီကတော့ အနက်ရောင်ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်ကြားကိုသာ ဖော်ထားပါတယ်။ ဂန္တာဝန်ဆန်ဆန် နှင့် လှပကြော့ရှင်းပြီး လူကြီးဆန် နေတဲ့ သူမရဲ့ ဝတ်ဆင်မှုကို တွေ့ရမှာပါ။

ယွန်းဝတီလွင်မိုးကတော့ အမည်းရောင်လက်ပြတ်အကျႌလေးနှင့် အတူ ပန်းရောင်နှင့် အမည်းရောင် ချိတ်ကို ဝတ်ဆင်ထားတာပါ။ သူမကတော့ မြန်မာဆန်ဆန်လေး နှင့် ရင့်ရင့်ကျက်ကျက်ဝင်ဆင်ထားတာကိုတွေ့ရပါတယ်။

ပန်းရောင်ခြယ် ကတော့ ကျန်တဲ့နှစ်ယောက်နှင့် မတူ ကလေးဆန်ဆန် လက်ပြတ်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်ရှည်ကို ချထားပြီး ဒူးပေါ်ဂါဝန်လေးကို ဝတ်ထားတာက ချစ်စဖွယ်လေးပါ။

ကမ႓ာဇ ဘဏ်ရဲ့ အကြွေးကတ် ကို မိတ်ဆက်တဲ့ပွဲမှာသူတို့ သုံးယောက်က အများနှင့်မတူ ထင်းနေတာကတော့ မလွဲမသေပါဘဲ။ သူတို့ သုံးယောက်ဟာ မတူတဲ့ နေရာကနေ အနုပညာ လုပ်ငန်းကို စတင်လျှောက်လှမ်းခဲ့ကြတာပါ။ ကွဲပြားတဲ့ ပတ်ဝန်းကျင်က လာခဲ့ပြီး ကွဲပြားတဲ့ အခြေအနေ ကနေ ဆင်းသက်လာတဲ့ သူတို့သုံးယောက်ထဲမှာဘယ်သူ အလှဆုံးနှင့် ပွဲ နှင့် အသင့်လျော်ဆုံးဝတ်ဆင်ထားလဲဆိုတာကိုတော့ ပရိသတ်တွေ ဆုံးဖြတ်ဖို့ထားလိုက်မယ်နော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။