ကိုဗစ်ကာလလေးမှာ အချိန်ကိုကုစားရင်း လက်မှု့ပညာလေးကို လေ့လာလိုက်တာ အိမ်မှာရှိတဲ့ စောင်တွေ၊ တဘက်တွေနဲ့ အဝတ်စားတွေကုန်သွားတယ်ဆိုတဲ့ ကောင်းကျော်

//s9.kh1.co/ab/ab7e2f9ce285e6b219153dbc6d5fbbeb6a974c0a.jpg
အနုပညာရှင်များ

 ၀၃-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဟာသလူရွှင်တော် ဦးကောင်းကျော် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ နေရာတစ်နေရာကို ရပ်တည်ထားသူပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ ဦးကောင်းကျော်က အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးရင်း တစ်နေ့တာရဲ့ အချိန်တွေကို တန်ဖိုးရှိရှိ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ လတ်တလော Stay Home အချိန်လေးမှာတော့ လိုင်းပေါ်ကနေ ကျောက်ပန်းအိုးလေးတွေပြုလုပ်တဲ့ နည်းလေးကို လေ့လာပြီး ကိုယ်တိုင်ပြုလုပ်နေတာ တွေ့ရပါတယ်။

Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account

သူလုပ်ထားတဲ့ ကျောက်ပန်းအိုးလေးတွေကလည်း လက်ရာမြောက်ပြီး ပရိသတ်တွေ ကြည့်ရှု့လို့ရအောင်လည်း ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဦးကောင်းကျော်က သူ့ရဲ့ပန်းအိုးလေးတွေ စလုပ်ဖြစ်တဲ့ အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။ "Covid 19 ကပ်ရောဂါကြီးကိုအလုပ်လုပ်ဖို့ ရှိနေတဲ့သူတွေက တိုက်စစ်ဖွင့်ပြီး ကစားကြတယ်.....အလုပ်မရှိတဲ့ သူတွေက ခံစစ်နဲ့နောက်တန်း မပေါက်အောင် ကစားကြတယ် ......

Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account

ခက်တာက တိုက်စစ်လည်းမဟုတ်၊ခံစစ်လဲပြောမရ အမိန့်လည်း မဟုတ် ၊ ညွှန်ကြားချက်လည်း မဟုတ်၊ မေတ္တာရပ်ခံ ခြင်းလည်းမဟုတ်တဲ့ လေနဲ့ဝမ်း မကွဲပြားတဲ့ ထုတ်ပြန်ချက်တွေကြားထဲမှာ လူးလွန့်ရင်နဲ့ အချိန်တွေ ကို ကုစားပြီး နေလာလိုက်တာ အိမ်မှာရှိတဲ့ စောင်တွေ၊ တဘက်တွေ၊ အဝတ်စားတွေ အတော်ကုန်တဲ့ လက်မှုပညာ သင်ကြားရင်နဲ့ ပေါ့ဗျာ " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဦးကောင်းကျော်ရဲ့ လက်မှု့ပညာလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account

သတင်း အရင်းအမြစ်Source -U Kaung Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T