မင်းသမီးကြီး လင်းဇာနည်ဇောင်ကတော့ ဆယ်စုနှစ်အချိန်ကာလထဲက အနုပညာနယ်ပယ်မှာ အောင်မြင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး သဘောကျခဲ့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်မှာလည်း လင်းဇာနည်ဇော်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင် နေတာ တွေ့ရပါတယ်။


ဒါ့အပြင် သူမက ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ဘဝကို အေးချမ်းစွာဖြတ်သန်း နေထိုင်နေတာ ဖြစ်ပါတယ်။ လင်းဇာနည်ဇော် ရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကွယ်လွန်သွားခဲ့တာကို ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ ။ ယနေ့မှာတော့ လင်းဇာနည်ဇော် ရဲ့ ဖခင် ကွယ်လွန်သွားခဲ့တာဟာ (၂) နှစ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် လွမ်းဆွတ်သတိရစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။


လင်းဇာနည်ဇော် ရဲ့ လူမှုကွန်ယက်မှာတော့ "ဖေဖေ...(၂)နှစ်တိတိပြည့်ပြီ...ဆပ်မကုန်တဲ့ကျေးဇူးတွေနဲ့အတူ..သမီးတို့ရင်ထဲ၊အသိစိတ်ထဲမှာဖေဖေအမြဲရှိတယ်...မသိစိတ်နဲ့တော့သတိအရမ်းရတယ်" ဆိုပြီး စိတ်မကောင်းစွာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ယနေ့မှာလည်း ဖခင်အတွက် ရည်စူးပြီး အလှူလေးတစ်ခုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေလည်း လင်းဇာနည်ဇော် ရဲ့ ဖခင်ကြီးကို ကောင်းရာမွန်ရာ ရောက်အောင် ဆုတောင်းပေးလိုက်ပါဦးနော်..။


သတင်းအရင်းမြစ်: Source - Lin Zarni Zaw fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။