ပီပြင်လှတဲ့  သရုပ်ဆောင် Acting တွေကြောင့်  အကယ်ဒမီထူးချွန်ဆု (၂) ​ဆု ထိုက်ထိုက် တန်တန်  ရရှိထားသူကတော့  သရုပ်ဆောင်  မင်းသမီး  ခိုင်သင်းကြည်ပဲ  ဖြစ်ပါတယ်။  သူမဟာ  ချစ်ရတဲ့  ခင်ပွန်း ၊ သမီးလေးနဲ့အတူ  ကြည်နူးပျော်ရွှင်စရာကောင်းတဲ့  မိသားစုဘဝလေးကို  ဖန်တီးတည်ဆောက်ထားတာလည်း  ဖြစ်ပါတယ်။

Photo Crd- Khine Thin Kyi’s Facebook Page 
Photo Crd- Khine Thin Kyi’s Facebook Page 
Photo Crd- Khine Thin Kyi’s Facebook Page 

ဒီနေ့လေးကတော့   မခိုင်လေးရဲ့ ခင်ပွန်း  ကိုခန့်နိုင်ရဲ့ (၄၈) နှစ်ပြည့်  မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။  ခင်ပွန်းရဲ့မွေးနေ့လေးကို  အိမ်မှာဘဲ မိသားစုစုံစုံလင်လင်နဲ့  ကျင်းပပေးခဲ့တာပဲ  ဖြစ်ပြီး  ထိပ်ထိပ်လေးကလည်း  ဖေဖေ့အတွက်  မွေးနေ့လက်ဆောင်ကို  မုန့်ဖိုးတွေ စုကာ  ဝယ်ပေးခဲ့တာပဲ  ဖြစ်ပါတယ်။  မကြာသေးခင်က  ခိုင်သင်းကြည်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့  Live မှာလည်း မွေးနေ့ဆုတောင်းပေးသူတိုင်းကို ကျေးဇူးတင်ကြောင်း  ပြောကြားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Khine Thin Kyi’s Facebook Page 
Photo Crd- Khine Thin Kyi’s Facebook Page 
Photo Crd- Khine Thin Kyi’s Facebook Page 

ဒီနှစ်မွေးနေ့မှာတော့  ခင်ပွန်းဖြစ်သူကို  လက်ဆောင်မပေးဖြစ်ဘဲ  မွေးနေ့ရှင်ဆီက  အိုင်ဖုန်းလက်ဆောင်  ပြန်ရခဲ့တာကြောင့်  မခိုင်လေး  တစ်ယောက်  ပျော်ရွှင်နေတာပဲ  ဖြစ်ပါတယ်။    ပရိသတ်တွေလည်း  ကြည့်ရှုခံစားနိုင်အောင်   ဒီဗီဒီယိုလေးကို  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khine Thin Kyi’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။