တေးရေး၊တေးဆို လင်းလင်းနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ချစ်သုဝေတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအရမ်းကိုအားကျချစ်ခင်ရတဲ့ Idol Couple လေးလို့တောင် ဆိုနိုင်ပါတယ်နော်။ ချစ်သူဘဝကတည်းက ဂီတမ်းကြောင်းပေါ်မှာ အတူတကွလျှောက်လှမ်းခဲ့ကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့စုံတွဲလေးက အိမ်ထောင်ကျပြီးတဲ့အခါမှာလည်း ပရဟိတအလုပ်တွေကို တတ်အားသရွေ့ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ် ။ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတဲ့ သူတို့စုံတွဲလေးကို အားလုံးကလည်း လေးစားချစ်ခင်ကြတာ ဖြစ်ပါတယ် ။



အရမ်းလိုက်ဖက်ပြီး ရှေ့သွားနောက်လိုက်ညီတဲ့ လင်းလင်းတို့ဇနီးမောင်နှံက ခေတ်နဲ့သစ်ဆိုတဲ့သမီးအမွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လင်းလင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း သာယာချမ်းမြေ့တဲ့မိသားစုဘဝကို တည်ဆောက်နေကြတာ ဖြစ်ပါတယ် ။ အခုတော့ လင်းလင်းက ဆေးရုံတက်နေရတဲ့သူ့ရဲ့ချစ်ဇနီးလေး ချစ်သုဝေကို ထမင်းခွံ့ကျွေးကာ ပြုစုနေကြောင်း ပုံလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။



လင်းလင်းက "ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး Fighting Hon " ဆိုပြီး ချစ်ဇနီးရဲ့ကျန်းမာရေးအခြေအနေကိုလည်း ပရိသတ်တွေသိရှိရအောင် ပြောပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ ဆေးကုသမှုခံယူနေရတဲ့ ချစ်ဇနီးလေးကို အနီးကပ်ပြုစုနေတဲ့ လင်းလင်းရဲ့ပုံရိပ်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit-Htwe Lyn Ko's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။