ချစ်ပရိသတ်ကြီးရေ နိုဝင်ဘာလ ၃၀ရက်နေ့လေးမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အိအိတုံက ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားလိုက်ပြီပဲဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကလည်း သမီးလေးဖြစ်လို့ ယခုမွေးဖွားထားတဲ့ ဒုတိယမြောက်သမီးလေးနဲ့ အဖော်ရပြီလို့ ပရိသတ်တွေကလည်း ပြောဆိုနေကြတာပါ။ သမီးလေးဟာဆိုရင် အိတုံရဲ့ ဘ၀ထဲကို ဝင်ရောက်လာကတည်းက ကံကောင်းခြင်းတွေပဲ ယူဆောင်လာခဲ့တာဖြစ်လို့ အိတုံတို့ မိသားစုလေးက အတိုင်းမသိပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Ei Tone's Facebook Account
Photo credit - Ei Tone's Facebook Account

အိတုံရဲ့ ဒုတိယမြောက် သမီးလေးကလည်း မွေးခန်းထဲက ထွက်ထွက်ချင်းမှာ အသည်းယားစရာကောင်းလောက်အောင်နီတာရဲလေးဖြစ်ပြီး ချစ်စရာကောင်းလွန်းနေတာပါ။ သမီးလေး မွေးဖွားပြီးကတည်းက လူကောင်းပကတိလို သွားလာလှုပ်ရှားပြီး နေထိုင်နိုင်တာကြောင့် အိတုံကိုလည်း ပရိသတ်တွေက အတော်လေး အံ့သြနေကြတာပါ။ 

Photo credit - Ei Tone's Facebook Account
Photo credit - Ei Tone's Facebook Account
Photo credit - Ei Tone's Facebook Account

အိတုံကလည်း သူမရဲ့ ဒုတိယမြောက်ရင်သွေးလေး မွေးဖွားရတဲ့ အတွေ့အကြုံနဲ့ သားကျောဖြတ်ရတဲ့ အကြောင်းကို ပရိသတ်တွေ သိရှိစေရန်အတွက် သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ Liveလွှင့်ကာ ပြောပြခဲ့ပါတယ်။သရုပ်ဆောင် အိအိတုံရဲ့ အဆိုပါ Liveဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုစေရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ ပရိသတ်တွေကလည်း အိတုံတို့ မိသားစုလေးကို ဆက်ပြီးချစ်ပေးကြမယ်မလား....။

Photo credit - Ei Tone's Facebook Account
Photo credit - Ei Tone's Facebook Account

သတင်းအရင်းမြစ်: Photo credit - Ei Tone's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။