
Team Aster ကတော့ OGA Dota PIT Seaso 4 ဝင်ရောက်ယှဥ်ပြိုင်မယ့် သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။
Team Aster ရဲ့ကြေညာချက်အရတော့ mid player ဖြစ်သူ DD ဟာသူ့ရဲ့ personal ပြသနာကြောင့် ဒီပြိုင်ပွဲကို အသင်းနဲ့အတူ ဝင်ရောက်ယှဥ်ပြိုင်မှာမဟုတ်ဘူး။
သူ့ရဲ့နေရာမှာ Team Sirus က mid player "phoenix" ကိုအစားထိုးပီး ယှဥ်ပြိုင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒါ့ကြောင့် OGA Dota PIT Season 4 ဝင်ရောက်ယှဥ်ပြိုင်မယ့် Team Aster ရဲ့ roster ကတော့
Po 1- Monet
Po 2- phoenix (stand-in)
Po 3- Xxs
Po 4- BoBoKa
Po 5- LaNm
တို့ပဲဖြစ်ပါတယ်။
Team Aster အနေနဲ့ပြီးခဲ့တဲ့ China Dota2 Pro Cub Season 2 မှာတုန်းက Grand final ထိတက်ရောက်ထားတာဆိုတော့ OGA Dota PIT မှာလည်း ဘယ်အဆင့်ထိ တက်ရောက်နိုင်မလဲက စိတ့ဝင်စားစရာပါပဲ။
သို့ပေမယ့် mid player ကိုအပြောင်းအလဲလုပ်ထားရတာဆိုတော့ အခြေအနေကောင်းပါ့မလားဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။