ဒီဇင်ဘာလအစမှာ မိဘမဲ့ကလေးဂေဟာလေးကို သွားရောက်ပြီး အလှူလေးတွေပြုလုပ်ခဲ့ရင်း အားပေးစကားပြောကာ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ညီညီမောင် ရဲ့ ဗီဒီယို

//s9.kh1.co/4e/4e67b9bad12112335a2a7a8278541dbc5080fbe2.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်လောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များပြီး ရေပန်းစားနေတဲ့ အနုပညာတစ်ယောက်ကတော့ ညီညီမောင်(စမ်းချောင်း) ပဲဖြစ်ပါတယ်။ မိတ်ကပ် ညီညီမောင်ကတော့ အနုပညာလှုပ်မှုအနေ့နဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင် နေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် အလှူအတန်းတွေကိုလည်း လက်မနှေးပဲ ရက်ရက်ရောရောလှူဒါန်းပေးတတ်တဲ့ စိတ်ထားလေးလည်း ရရှိပါတယ်။

Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page

ယခုမှာလည်း ညီညီမောင်က ဒလမြို့လေးမှာရှိတဲ့ ခရစ်ယာန် မိဘမဲ့ဂေဟာလေးမှာ သွားရောက် လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ညီညီမောင်က " ဒီဇင်ဘာလ အစမှာ ဒလ မှာရှိတဲ့ ခရစ်ယာန်မိဘမဲ့ ဂေဟာ မှာ အလှူငွေရယ် ကလေးတွေအတွက် မုန့်တွေရယ် လှူခဲ့ပါတယ် တကယ်လိုအပ်တဲ့နေရာလေးတွေ ကိုယ့် ဉာဏ်မှီသလောက်လေးနဲ့ လှူဖြစ်တာပါ..

Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page
Photo Credit - NiNi Mg- Sanchaung fb page

ကိုယ်လည်း မိဘတွေ ဆုံးသွားတော့ မိဘမဲ့ပဲပေါ့ ဘဝတူ ကလေး တွေ အတွက်အများကြီးမတတ်နိုင်ပေမဲ့ တစ်နေ့ ပေါ့ မိဘမဲ့ကလေးဂေဟာလေး ဆောက်နိုင်အောင်တော့ကြိုးစားဦးမယ် အိမ်မက်တွေအကောင်ထည်ဖော်မယ် အလှူလေးတွေတိုင်းပါရပီ လိုက်ဖြည့်ပေးတဲ့ သူငယ်ချင်းတွေ တပည့်တွေလည်း ချစ်တယ်ရှင့် ဆရာ ရောဘတ်ကို လည်းကျေးဇူးအထူးပါ " ဆိုပြီး ရေးသားထားပါတယ်။ ချစ်ပရိသတ်တွေလည်း မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း) ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်။

သတင်း အရင်းအမြစ်Video Credit & Source - NiNi Mg- Sanchaung fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T