မြတ်နိုးကြင်နာတဲ့အကြည့်လေးတွေနဲ့ ပြုံးရယ်ပျော်ရွှင်ပြီး တရားရုံးတက်လက်မှတ်ထိုးခဲ့တဲ့ အမွန်းတို့ဇနီးမောင်နှံ

//s9.kh1.co/e0/e0c07bf8dc253b1e315cc8200c1083c16824c2d8.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သီချင်းကောင်းကောင်းလေးတွေအပြင် စကားပြောပွင့်လင်းပြီး အမိုက်စားပုံစံစတိုင်လ်လေးတွေနဲ့ အသစ်အဆန်းလေးတွေ အမြဲဖန်တီးတတ်တဲ့ အမွန်းကိုတော့ ပရိသတ်တွေ ချစ်ခင်အားပေးကြမှာပါနော်..။

အားပေးမှုတွေအခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ အမွန်းကတော့ သူမရဲ့ချစ်သူနဲ့အတူ ပြီးခဲ့တဲ့ရက်ကမှ ရွှေလက်တွဲကာ လက်ထပ်လိုက်ပြီဖြစ်တဲ့ မင်္ဂလာသတင်းလေးကိုလည်း ပရိသတ်တွေအားလုံး သိပြီးကြမှာပါနော်..။

Photo Credit - Ah Moon's Fb Page
Photo Credit - Ah Moon's Fb Page
Photo Credit - Ah Moon's Fb Page
Photo Credit - Ah Moon's Fb Page

အမွန်းကတော့ သူမရဲ့မင်္ဂလာသတင်းလေးနဲ့ ကြည်နူးစရာအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေလေ့ရှိပြီး ဒီကနေ့လေးမှာလည်း တရားရုံးတက် လက်မှတ်ထိုးခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

မြတ်နိုးကြင်နာတဲ့အကြည့်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည်ကြည်နူးနူးလေးကြည့်ကာ ပြုံးရယ်ပျော်ရွှင်နေကြတဲ့ သူမတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေကြမှာ အမှန်ပါပဲနော်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

"Court signing day!.." ဆိုပြီး တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ ကြည်နူးပျော်ရွှင်စရာ အမှတ်တရလေးတွေကို ချစ်ပရိသတ်တွေအတွက် အမွန်းက ဝေမျှထားတာပါနော်..။

ပရိသတ်တွေအားလုံးကလည်း သူမတို့ဇနီးမောင်နှံလေးအတွက် ဂုဏ်ပြုစကားလေးတွေနဲ့အတူ ဆုတောင်းပေးထားကြပြီး ချစ်စရာစုံတွဲပုံရိပ်လေးတွေကိုလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

သတင်း အရင်းအမြစ်

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T