အမေရိကန်သမ္မတထရမ့်နဲ့ သမ္မတဟောင်း ဘေလ်ကလင်တန်ရဲ့ သမီး ချယ်ဆီးကလင်တန်တို့ကြား လူမှုကွန်ရက်ကနေ အပြန်အလှန် စကားစစ်ထိုးမှုတွေ ဖြစ်ပွားနေတယ်လို့ BBC News မှာဖော်ပြထား ပါတယ်။ 

သမ္မတထရမ့်၏သမီးအိုင်ဗန်ကာထရမ်အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်တဲ့ G20 အစည်းအဝေးကို တက်ရောက်ခွင့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ချယ်ဆီးကလင်တန်က ဝေဖန်ခဲ့တဲ့အတွက် သမ္မတထရမ့်နဲ့ချယ်ဆီးကလင်တန်တို့ အခုလို အပြန်အလှန် စကားစစ်ထိုးမှုတွေ ဖြစ်ပွားနေတာပါ။ 

ဟီလာရီကလင်တန်သာ သမ္မတဖြစ်နေမယ်ဆိုရင်လည်း ဒီလိုဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ သမ္မတထရမ့်က ဆိုထားပေမယ့်ချယ်ဆီးကလင်တန်ကတော့ သူ့ရဲ့ မိဘတွေဟာ ဒီလိုအပြုအမူမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ တွစ်တာပေါ်မှာ ပြန်လည်ရေးသားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။