G20 အစည်းအဝေးမှာ အမေရိကန်သမ္မတထရမ့်သမီးအိုင်ဗန်ကာထရမ့် နေရာယူထိုင်ခဲ့တဲ့ ထိုင်ခုံနေရာနဲ့ပတ်သက်ပြီးတော့ အွန်လိုင်းပေါ်မှာဝေဖန်မှုတွေရှိနေကြောင်း BBC News ကဖော်ပြလိုက်ပါတယ်။

ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ G20 အစည်းအဝေးအတွင်း အိုင်ဗန်ကာထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် ထရိီဆာမေနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ကြားရှိ သမ္မတထရမ့်ရဲ့ ထိုင်ခုံမှာ ဝင်ရောက်နေရာယူခဲ့တဲ့အတွက် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဒါပေမယ့် ဖခင်ဖြစ်သူ သမ္မတထရမ့်ကတော့ သမီးဖြစ်သူကို G20 အစည်းအဝေး တက်ရောက်ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ အလွန်စံပြုထိုက်ပြီး ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်ကလည်း သဘောတူတယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။