EXAMPLEZ အဖွဲ့မှာ ကြိုးကြိုးစားစားရပ်တည်လာခဲ့ရတဲ့ အမှတ်တရပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ချပြလာတဲ့ ထွန်းထွန်း

//s9.kh1.co/fb/fbc70ca87c7871f4d0e0df1c0ac3ad36a6e369b4.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၀ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် ထွန်းထွန်းကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ထွန်းထွန်းဟာ အနုပညာနယ်ပယ်မှာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ယုံကြည်ရာလမ်းကို ကြိုးစားလာတာဖြစ်ပါတယ်။သူရဲ့ ကြိုးစားမှုတွေကြောင့် လက်ရှိမှာတော့ ထွန်းထွန်းက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account

ဒါ့အပြင် ထွန်းထွန်းက ' နှင်းဆီ 'အငြိမ့်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ပြည်တွင်းပြည်ပတွေမှာ ဖျော်ဖြေပေးနေတာလည်း တွေ့ရပါတယ်။ အမြဲပျော်ပျော်ပါးပါးနေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်တာကြောင့် ပရိသတ်တွေကချစ်ခင်နေရတာ ဖြစ်ပါတယ်။ ယခုမှာတော့ ထွန်းထွန်းက သူ့ရဲ့ ဘဝမှတ်တိုင်တစ်ခုစတင်ခဲ့စဥ်တုန်းက မေ့မရခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ပြည်လည်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account

ဒီပုံလေးတွေကတော့ အသက် ၁၆/၁၇ ကတည်းက EXAMPLEZ အဖွဲ့မှာ သီချင်းတွေဆိုခဲ့တုန်းက သူငယ်ချင်းတွေရိုက်ထားခဲ့တဲ့ အမှတ်တရလေးတွေပဲဖြစ်ပါတယ်။ သူတို့EXAMPLEZ အဖွဲ့လေးက အနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျ ပုံစံမျိုးစုံ၊ ဘဝမျိူးစုံနဲ့ လျှောက်လှမ်းလာခဲ့တာဟာ ယခုဆိုရင်အနှစ်၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေလည်း ထွန်းထွန်းတို့ EXAMPLEZ အဖွဲ့ရဲ့ အမှတ်တရပုံလေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account
Photo Credit - Htin Aung Tun fb account

သတင်း အရင်းအမြစ်Source - Htin Aung Tun fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T