အဆိုတော် မနောကတော့ သီချင်းကောင်းတွေများစွာကိုဖန်တီးခဲ့သူဖြစ်ပြီး အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။ မနောက "ဗိုလ်အောင်တင်၊ မိချော၊ ကြာဖြူ၊ အချစ်စစ်ရဲ့တန်ဖိုး" စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ မနောအနေနဲ့ ယနေ့အချိန်အထိလည်း သီချင်းတွေဆက်တိုက်ဖန်တီးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-"မနော Ma Naw" FB Page
Photo Credit-"မနော Ma Naw" FB Page

မနောက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပြီး သားတစ်ယောက်နဲ့ သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ဦးစီးဆိုရင်လည်း မမှားပါဘူးနော် ။ လတ်တလောမှာတော့ မနောက သူ့ရဲ့သားငယ်လေးနဲ့အတူ ဟာသဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မနောက သားဖြစ်သူနဲ့ အခွီတလိုင်းပုံစံဗီဒီယိုလေးကို အတွဲညီညီ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"မနော Ma Naw" FB Page
Photo Credit-"မနော Ma Naw" FB Page

မနောက "တော်ရုံလူမတတ်ဘူးနော် သဘောပေါက်" ဆိုပြီး သူတို့သားအဖရဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ မနောက သူ့ကိုယ်သူ အိန္ဒိယလူမျိုးလို့ပြောပြီး သားဖြစ်သူမေးတဲ့မေးခွန်းကို အခွီစကားလေးနဲ့ ပြန်ဖြေပြလိုက်တာ ဖြစ်ပါတယ် ။ မနောရဲ့စကားအဆန်းလေးကြောင့် သားလေးမှာစဥ်းစားရခက်ပြီး ကျန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မနောတို့သားအဖရဲ့အခွီတလိုင်းဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"မနော Ma Naw" FB Page

Photo Credit-"မနော Ma Naw" FB Page
Photo Credit-"မနော Ma Naw" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။