ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တစ်ခေတ်တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

ဆုပန်ထွာက ချစ်စရာသားသားရယ်၊အရမ်းချစ်တတ်တဲ့ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစုဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။သားချောလေး Roar Roar လေးကလည်း ချစ်မွှေးလေးပါပြီး တီတီတာတာလေးတွေပြောဆိုတတ်လို့ ဆုပန်ထွာတို့အိမ်ရဲ့ဆည်းလည်းလေးဆိုလည်း မမှားပါဘူးနော်။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

ပန်ပန်ကတော့ သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုဖော့ဘွတ်ပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ခရစ္စမတ်ဝတ်စုံလေးအပြည့်ဝတ်ကာ သီချင်းတွေဆိုရင်း မျက်နှာမျိုးစုံပြောင်နေတဲ့ သားလေးကို သဘောတွေကျကာ ပုံလေးတွေရိုက်တင်ကာဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးတွေတိုင်းမှာ roar roar လေးတစ်ယောက်အရမ်းချစ်စရာကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်နော် ။

Photo Credit : Amazing Grace
Photo Credit : Amazing Grace

Source :Su Pan Htwar Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။