ကျရာဇာတ်ရုပ်တိုင်းတွင်  ပီပြင်အောင်  သရုပ်ဆောင်နိုင်သူကတော့  သရုပ်ဆောင်  မင်းသား  စည်သူမောင်ပဲ  ဖြစ်ပါတယ်။  သူဟာ  ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကမှာ  အောင်မြင်မှုမှတ်တိုင်  စိုက်ထူထားခဲ့နိုင်သူလည်း  ဖြစ်ပါတယ်။  သူ့ရဲ့ ချောမောခန့်ညားလွန်းပြီး  ဖက်ရှင်ကျကျဝတ်စားပုံတွေကိုလည်း  မိန်းကလေးပရိသတ်တွေက  သဘောကျနေကြတာပါ။

Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 

စည်သူမောင်ဟာ  မိဘနှစ်ပါးလုံးအပေါ်  သိတတ်လိမ္မာလွန်းတဲ့  သားလိမ္မာလေးဖြစ်တာကြောင့်  ပရိသတ်တွေရဲ့  ချီးကျုးသံတွေကိုရရှိထားတာလည်း  ဖြစ်ပါတယ်။  အနုပညာလှုပ်ရှားမှုတွေ မရှိသေးပေမယ့်လည်း  ကိုယ်ပိုင်စီးပွားရေးအလုပ်တစ်ခုကို  စတင်လုပ်ဆောင်နေပြီပဲ  ဖြစ်ပါတယ်။  စည်သူမောင်ဟာ  အရသာရှိတဲ့   ဝက်သားပေါင်းကို  စတင်ရောင်းချပေးနေပြီပဲ  ဖြစ်ပြီး  အနုပညာညီအစ်ကိုမောင်နှမတွေကိုလည်းအိမ်တိုင်ရာရောက် ပို့ပေးနေတာပါ။

Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  စည်သူမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ညီအစ်လိုရင်းလို ချစ်ခင်ရတဲ့ လူမင်းရဲ့ရှုတင်ထိတကူးတကသွားကာ သူရောင်းချတဲ့ ဝက်သားပေါင်းပို့ပေးခဲ့တဲ့ပုံလေးတွေ  တင်ထားတာပါ။သူကလည်း " ကျနော် ဖြိုး ဝက်သားပေါင်းလေး စရောင်းတော့ ကိုယ့်ရဲ့ စီနီယာ အစ်ကိုမင်းသားတွေက လိုအပ်တာဝေဖန် အကြံပေး မေတ္တာနဲ့ကူညီပေးကြတယ်။

ကိုရန်အောင် Yan Aung ကိုလွင်မိုး Lwin Moe

ခုလည်း ကိုလူမင်း Lu Minn

ခုလို အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ အန်ကယ်လေး 

အစ်ကို့ကိုစားစေချင်လို့ ရိုက်ကွင်းထိ တကူးတကသွားပို့ပေးခဲ့တာ 

“ ညီလေး မင်းရဲ့ဝက်သားပေါင်း အရမ်းကောင်းတယ်လို့ နာမည်ကြီးနေတယ် “ ဆိုတဲ့

အန်ကယ်လေးရဲ့ စကားကြောင့် ပျော်တာပေါ့ဗျာ

စားဖိုမှူး ဦးလွှမ်း နဲ့ မသဲ တို့ကလည်း ပီတိတွေဖြစ် " ဆိုပြီး ရေးထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းလေးကို  တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Si Thu Maung’s Facebook Account 

Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 
Photo Crd- Si Thu Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။