ဓာတ်ပုံဆရာအရှေ့မှာ ပို့စ်ပေးကြမ်းနေတဲ့ သူမရဲ့မိတ်ကပ်ဆရာမကို အနောက်ကနေလိုက်ပြီး ဆေးထိုးစနောက်ရင်း အပီအပြင်ခွီနေတဲ့ သင်ဇာရဲ့ဗီဒီယို

//s9.kh1.co/23/237c5493d88ba533ae2729d82f1866731a640902.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

ဓာတ်ပုံဆရာအရှေ့မှာ ပို့စ်ပေးကြမ်းနေတဲ့ သူမရဲ့မိတ်ကပ်ဆရာမကို အနောက်ကနေလိုက်ပြီးဆေးထိုးစနောက်ရင်း အပီအပြင်ခွီနေတဲ့သင်ဇာရဲ့ဗီဒီယို

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးလေ့သူဖြစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ကိုယ်ပိုင်စတိုင်လ်လေးနဲ့ နေထိုင်တတ်တာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေရိုက်ကူးနေသလို Model အဖြစ်လည်း Photo Shooting နဲ့ ကြော်ငြာတွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အောင်မြင်မှုတွေလျော့သွားခြင်းမရှိတဲ့ သင်ဇာဝင့်ကျော်က ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို ကြံ့ကြံ့ခံပြီး ရပ်တည်လာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Thinzar Wint Kyaw's FB Page
Photo Credit-Thinzar Wint Kyaw's FB Page
Photo Credit-Thinzar Wint Kyaw's FB Page
Photo Credit-Thinzar Wint Kyaw's FB Page

ဒီနေ့ဒီဇင်ဘာလ (၄) ရက်နေ့လေးကတော့ ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အသက် (၃၃)နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သင်ဇာဝင့်ကျော်က ညနေပိုင်းအချိန်လေးမှာ သူမရဲ့ချစ်သူငယ်ချင်းတွေနဲ့အတူ အင်းလျားကန်ဘောင်ကိုရောက်ရှိခဲ့တာ ဖြစ်ပါတယ် ။ သင်ဇာက ညနေဆည်းဆာအလှကို ကြည့်ရှုခံစားရင်း ပရိသတ်တွေအတွက် Live လွှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Thinzar Wint Kyaw's FB Page
Photo Credit-Thinzar Wint Kyaw's FB Page
Photo Credit-Thinzar Wint Kyaw's IG Acc
Photo Credit-Thinzar Wint Kyaw's IG Acc

ဒီ Live ဗီဒီယိုလေးမှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့မိတ်ကပ်ဆရာမကို ဆေးထိုးစနောက်ပြီး ကျီစယ်နေတာ ဖြစ်ပါတယ် ။ ဓာတ်ပုံဆရာရဲ့အရှေ့မှာ အပီအပြင်ပို့စ်ပေးကြမ်းနေတဲ့ မိတ်ကပ်ဆရာမကို သင်ဇာက ချစ်စနိုးနဲ့လိုက်စနောက်ရင်း ရယ်နေရတာလည်း ဖြစ်ပါတယ် ။ ကဲ သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ ပျော်ပျော်ပါးပါးအပန်းဖြေပြီး ခွီနေရတဲ့ သင်ဇာဝင့်ကျော်ရဲ့Live Video လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source & Video Credit-Thinzar Wint Kyaw's IG Acc

Photo Credit-Thinzar Wint Kyaw's IG Acc
Photo Credit-Thinzar Wint Kyaw's IG Acc
Photo Credit-Thinzar Wint Kyaw's IG Acc
Photo Credit-Thinzar Wint Kyaw's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T