Covid ရောဂါပိုး ကူးစက်ခံထားရသူအချင်းချင်း ကူညီစောင့်ရှောက်ပေးရင်း ဦးမိုးဒီရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတဲ့ နေလင်း

//s9.kh1.co/bf/bf60e710cea76b0a84f605f058410f1196fcd17d.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် နေလင်းကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားပြီး အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ နေလင်းက Covid ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဧရာဝတီကိုဗစ်စင်တာမှာ ဆေးတက်ရောက်ကုသနေရတာ ဖြစ်ပါတယ်။ ဆေးကုသနေတဲ့ အချိန်လေးမှာလည်း စင်တာမှာ ပိုးကူးစက်ခံရသူအချင်းချင်းပြန်လည် ကူညီလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account

နေလင်းကတော့ ယခုအချိန်ထိ ကျန်မားရေးကောင်းကောင်းမွန်မွန်ရှိနေပြီး သူ့ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးပါတယ်။ဒါ့အပြင် ဟာသလူရွှင်တော် ဦးမိုးဒီက လည်း Covid ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသနေတာဖြစ်ပါတယ်။ ယခုမှာတော့ နေလင်းက ပရိသတ်တွေအတွက် ကြည်နူးဝမ်းသာစရာကောင်းတဲ့ ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေလေးကို ပြောပြလာခဲ့ပါတယ်။

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account
Photo Credit - ကောင်းဇံ လူရွှင်တော် fb account
Photo Credit - ကောင်းဇံ လူရွှင်တော် fb account

ဦးမိုးဒီကိုလည်း သားဖြစ်သူ ကောင်းဇံက ဧရာဝတီကိုဗစ်စင်တာကိုလိုက်ပြီးပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။နေလင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း " လေးလေးမိုးဒီရဲ့ ကျန်းမာရေးအခြေနေတိုးတက်ကောင်းမွန်ကြောင်းနဲ့ သားဖြစ်သူ ကောင်းဇံမှအနီးကပ်ပြုစုပေးလျက်ရှိကြောင်း"ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ပရိသတ်ကြီးလည်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတဲ့ ဦးမိုးဒီနဲ့ နေလင်းတို့ကို ကျန်းမာရေး ကောင်းမွန်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account

သတင်း အရင်းအမြစ်Source - Nay Linn fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T