ထောက်ကြန့်မှာရှိတဲ့ သူ့ရဲ့ခြံထဲမှာ အသံလုံ၊ မိုးလုံတဲ့ အကြီးဆုံးပြဇာတ်ရုံကြီး တည်ဆောက်နေတာကို ပရိသတ်အတွက် liveလေးပြခဲ့တဲ့ ဖိုးချစ်ရဲ့ ဗီဒီယို

//s9.kh1.co/5d/5df3ef78ed5d820e6575c1adb4cfeb19ea3a2889.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်မင်းသားချောလေး ဖိုးချစ်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အကောင်းဆုံး ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖိုးချစ်ကတော့ ဇာတ်မင်းသားတစ်ယောက်အပြင် သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း လက်မနှေးပဲ ရက်ရက်ရောရော လှူဒါန်းတတ်တဲ့သူပဲ ဖြစ်တာကြောင့် အနုပညာမောင်နှမတွေက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account

လက်ရှိမှာတော့ ဖိုးချစ်က သဘင်လောကရဲ့ ထိပ်တန်း ဇာတ်မင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သလို ရှေ့ဆောင်လမ်းပြ ကိုယ်ကျိုးမငဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါ့အပြင်  သဘင်လောကရဲ့ ကြီးမားတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ထားပြီးအနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေခဲ့ပါတယ်။ သူ့ရဲ့ ဇာတ်သဘင်လောကကို တိုးတက်ကောင်းအမြဲကြိုးစားနေတဲ့ ဖိုးချစ်ကတော့  ပရိသတ်တွေ ကြည်နူးပီတိဖြစ်စရာကောင်းအောင် live လေးလွှင့်ပါတယ်။

Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account
Photo Credit - Phoe Chit fb account

ဒီlive လေးကတော့ နာမည်ကြီးပြဇာတ်ကြီးတွေကို စင်တင်ပြသဖို့အတွက် သူ့မှာရှိတဲ့ ပြဇာတ်ရုံနဲ့ မလုံလောက်တာကြောင့် ထောက်ကြန့်မှာရှိတဲ့ သူ့ရဲ့ ခြံကျယ်ကြီးထဲမှာ မိုးလုံ၊ အသံလုံတဲ့ အကြီးဆုံးပြဇာတ်ရုံကြီးကို တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ မေးသမျှလေးတွေကိုလည်း တရင်းတနှီး ဖြေပေးနေတာ ကိုလည်း တွေ့ရပါတယ်။ ကဲ....ပရိသတ်ကြီးရေ ဇာတ်သဘင်လောကကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတဲ့ မင်းသားချောလေး ဖိုးချစ်ကို အားပေးစကားလေးတွေပြောပေးခဲ့ပါဦးနော်။

သတင်း အရင်းအမြစ်Video Credit & Source - Phoe Chit fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T