ဝမ်းနဲ့မလွယ်ရပေမယ့် မိခင်မေတ္တာအပြည့်နဲ့ သားသမီးအရင်းလိုနေ့စဥ်အမျှ ပြုစုစောင့်ရှောက်ပေးနေတဲ့ သန္တာလှိုင်

//s9.kh1.co/9c/9c72aa6705f011fc0c5828fb50b49effd115be48.jpg
အနုပညာရှင်များ

 ၀၅-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ မော်လ်ဒယ်လောကမှာ အောင်မြင်မှုတွေနဲ့အတူ ရေပန်းစားပြီး လူအများသတိထားခံရတဲ့ သူကတော့ မော်လ်ဒယ် သန္တာလှိုင်ပဲဖြစ်ပါတယ်။ သူမကအသက်အရွယ်နဲ့မလိုက်အောင် နုပျိုလှပပြီး ချောမောနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သန္တာလှိုင်က Gym ထရိန်နာတစ်ယောက်အပြင် တက်သစ်စ မော်လ်ဒယ် လေးတွေကို သင်ကြားပြသပေးနေတာလည်း တွေ့ရပါတယ်။

Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page

သူမက သာယာပျော်ရွင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ဒါ့အပြင် သန္တာလှိုင်က  မိသားစုဘဝလေးထဲကို  ဝမ်းနဲ့ မလွယ်ရပဲ ကံကောင်းစွာ သမီးလေးတစ်ယောက်ကို ခေါ်ယူစောင့်ရှောက်ပေးထားတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ ယခုမှာတော့ သန္တာလှိုင်က ပရိသတ်တွေကြည်နူးစေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page
Photo Credit- သန္တာလှိုင် Thandar Hlaing's Facebook page

ဒီပုံလေးတွေကတော့ သန္တာလှိုင်က ချစ်စရာကောင်းတဲ့ ဝမ်းမနာသမီးလေးကို ပေါင်ပေါ်တင်ပြီး ရိုက်ထားတဲ့ ချစ်စရာ ပုံလေးတွေပဲဖြစ်ပါတယ်။ဒီပုံလေးတွေနဲ့လည်း သန္တာလှိုင်က " အိမ်ရဲ့ ဆည်းလည်းလေးတွေနဲ့ မနက်ခင်ကို စတင်နေတော့ ယောကျ်ားပြောတယ် အိမ်မှာ ကလေးရော ခွေးရော ကြိုက်တာမေး အကုန်ရှိတယ်တဲ့ အိမ်မှာမရှိတာဆိုလို့ လွယ်မွေးထားတဲ့ သားသမီးအရင်း ၂ ယောက်ပဲမရှိတာတဲ့" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ဝမ်းနဲ့မလွယ်ရပေမဲ့ မိခင်အရင်းတစ်ယောက်လို မေတ္တာအပြည့်နဲ့ ချစ်နေတဲ့ သန္တာလှိုင်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - သန္တာလှိုင် Thandar Hlaing's Facebook page


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T