မြန်မာဆန်တဲ့ အလှပုံရိပ်လေးတွေကြောင့် ပရိသတ်အချစ်ပိုလာကြတဲ့ မင်းသမီးလေးများ

ပရိသတ်ကြီးရေ မြန်မာအမျိုးသမီးလေးတွေဟာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်တဲ့အခါမှာ အရမ်းကို ကျက်သရေရှိပြီး လှပတင့်တယ်တာကို တွေ ့မြင်နိုင်ပါတယ်နော်။

ကိုယ်နေဟန်ထားကိုလည်း ကျော့ရှင်းစေပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှကို ဖေါ်ဆောင်ပေးနိုင်တဲ့ မြန်မာဝတ်စုံလေးတွေနဲ ့အရမ်းလိုက်ဖက်တဲ့ မင်းသမီးချောလေးတွေကို ပရိသတ်ကြီးအတွက် ဖေါ်ပြပေးလိုက်ပါတယ်။

မြန်မာဝတ်စုံလေးတွေကို လှပတင့်တယ်စွာဝတ်စားဆင်ယင်တတ်မှုတွေကြောင့် ပရိသတ်တွေပိုမိုချစ်ခင်အားပေးလာကြတဲ့ မင်းသမီးချောလေးတွေကတော့

အခုချိန်မှာ ပရိသတ်အကြား ရေပန်းစားနေတဲ့ မအေးသောင်း၊ မြန်မာဝတ်စုံလေးတွေနဲ ့လိုက်ဖက်မှုကြောင့် ပရိသတ်တွေ သတိထားမိလာတဲ့ ဆုအိမ့်စံ၊

Miss Myanmar အလှမယ်ဟောင်း နန်းခင်ဇေယျာ ၊ ပါးချိုင့်မင်းသမီးလေး အေးမြတ်သူ၊ နန်းဆန်တဲ့ အလှတွေနဲ ့ အနုပညာပျိုးခင်းရဲ ့စင်တင်မင်းသမီးတွေဖြစ်တဲ့ အိချောပို နဲ ့ယုသန္တာတင် တို ့ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးက ဘယ်သူ ့ကို အချစ်ဆုံးလဲ ဆိုတာ ပြောသွားပါဦးနော်…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။