Indonesia နိုင်ငံက dota 2 team တစ်ခုဖြစ်တဲ့ Boom Esports ကတော့ သူတို့ရဲ့ carry player " Dreamocel" ကိုဆုံးရှုံးခဲ့ရပြီပဲ ဖြစ်ပါတယ်။
Dreamocel ဟာလည်း Indonesia နိုင်ငံသားတစ်ဦးဖြစ်ပီး သူ့ရဲ့ dota 2 pro player life ကို Boom Esports နဲ့စတင်ခဲ့သူပဲ ဖြစ်ပါတယ်။
Dreamocel ဟာ Boom Esports မှာ 2017 ခုနှစ် 1 လပိုင်း 30 ရက်နေ့ထဲက စတင်ကစားလာခဲ့တာဖြစ်ပြီး လေးနှစ်နီးပါးလောက်အကြာ မနေ့က 2020 ခုနှစ် 12 လပိုင်း 5 ရက်နေ့မှာ ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။
Dreamocel မရှိတော့တဲ့ Boom Esports ရဲ့ ကျန်ရှိနေတဲ့ roster ကတော့
Po 1- TBD
Po 2- Mikoto
Po 3- Fbz
Po 4- Hyde
Po 5- Khezcute
တို့ပဲဖြစ်ပါတယ်။
Boom Esports အနေနဲ့လည်း Dreamocel ရဲ့နေရာမှာ အစားထိုးဖို့အတွက် carry player ကောင်းတစ်ယောက်ကို ပြန်လည်ခေါ်ယူဖို့ လိုအပ်နေပေမယ့် အခုထိတော့ ကြေညာတာမျိုး မရှိသေးပါဘူး။
ဒါ့အပြင် Boom Esports အနေနဲ့လည်း BTS Pro Series Season 4 SEA ကိုလည်းဝင်ရောက်ယှဥ်ပြိုင်ခြင်း မရှိဘူးဆိုတော့ အသင်းကို သေချာပြန်လည် ပြင်ဆင်သွားဖွယ်ရှိနေပါတယ်။
သတင်း အရင်းအမြစ်៖ Boom Esports twitter