Beauty Blogger နေခြည်ဦးဆိုတာ မိန်းကလေးတွေကြားမသိသူရှားလောက်အောင် အောင်မြင်တဲ့ Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်

မင်းသား အောင်ရဲလင်းရဲ့ချစ်သူလဲဖြစ်ပါတယ် ။

ဟန်ဆောင်မှုကင်းပြီး ချစ်စဖွယ်ဟန်ပန်လေးတွေကြောင့် မိန်းကလေးအချင်းချင်းတောင် တုန်နေအောင်ချစ်ကြတဲ့ထိ ချစ်မွှေးပါတဲ့ နေခြည်ဦးဟာ

အခုတော့ ပရိတ်သတ်တစ်ယောက်ရဲ့ အချစ်လွန်မှုကြောင့် မိတ်ကပ်ပညာရှင် မေဦးကို ပြန်လည်တောင်းပန်လိုက်ရပါတယ် ။

နေခြည်ဦးရဲ့ Photo Shooting တစ်ခုအတွက် တာဝန်ယူမိတ်ကပ်ပြင်ပေးတဲ့ မိတ်ကပ်မေဦးရဲ့ လက်ရာကို ထို ပရိတ်သတ်ကမကျေမနပ်ဖြစ်ပြီး Message Box ကတဆင့်သွားရောက်ရှုံချခဲ့တာဖြစ်ပါတယ် ။ ထိုဖြစ်ရပ်ကြောင့် မိတ်ကပ်မေဦးမှာ စိတ်မကောင်းဖြစ်သွားရပြီး သူ့ရဲ့လူမှုကွန်ယက်ကတစ်ဆင့် ပြန်လည်ရှင်းပြတဲ့စာလေးကိုအောက်ပါ ပုံထဲကအတိုင်းတင်ထားခဲ့ပါတယ် ။

နေခြည်ဦးကိုယ်တိုင်ကလည်း မိတ်ကပ်မေဦးကိုအလွန်အားနာနေဟန်ရှိပြီး ထိုသို့သွားပြောတဲ့ ပရိတ်သတ်ကို အလွန်စိတ်ဆိုးနေတယ်လို့လဲ ဆိုထားပါတယ် ။

အခြားသော နေခြည်ဦးပရိတ်သတ်တွေကလည်း ထိုဖြစ်ရပ်အတွက် မေဦးကိုသွားတောင်းပန်တဲ့ပရိတ်သတ်တွေရှိသလို အချို ့ကလည်း တမင်များကြံစည်ပြီး နာမည်ဖျက်ဖို့လုပ်လေသလား မဖြစ်သင့်ဘူးရယ်လို့လဲ ပြောကြားနေကြပါတယ် ။ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီလိုဖြစ်ရပ်မျိုးကိုဖန်တီးသလဲဆိုတာကတော့ ကာယံကံရှင်ကသာ အသိဆုံးဖြစ်တော့မှာပါ ။ 

သတင်းအရင်းမြစ် May Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။