အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏နည်းပြ အာစင်ဝင်းဂါးသည် ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်း၏ ကြယ်ပွင့် ဘာပေးနှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သည့်ဟု မီဒီယာများကဖော်ပြနေသည်။

အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြကြီး အာစင်ဝင်းဂါးသည် မိုနာကိုအသင်း၏ ကြယ်ပွင့် ဘာပေးနှင့် ပြင်သစ်နိုင်ငံပဲရစ်စ်မြို့မှာ ၃နာရီကြာ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့ကာ အာဆင်နယ်အသင်းထံသို့လာရန်ဖြောင်းဖြခဲ့တာပါ။

ယခုရာသီအပြောင်းအရွှေ့မှာ ပြင်သစ်လက်ရွှေးစင်ကစားသမား မိုနာကိုတိုက်စစ်မှူး ဘာပေးကို ဥရောပအသင်းကြီးတော်တော်များများခေါ်ယူရန်ကြိုးစားနေပြီး မိုနာကိုအသင်းမှာ ဘာပေးအတွက် ပေါင်၁၁၅သန်းအနည်းဆုံးသတ်မှတ်ထားသည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။