ဘရာဇီးသမ္မတဟောင်းလူလာဒါဆေးဗားကိုအဂတိလိုက်စားမှုဖြင့်ထောင်ဒဏ်ချမှတ်

လက်ရှိဘရာဇီးနိုင်ငံရဲ့သမိုင်းမှာလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့သမ္မတဟောင်းလူလာဒါဆေးဗားကိုတရားရုံးက အဂတိလိုက်စားမှုစွဲချက်ဖြင့်ထောင်ဒဏ်ကိုးနှစ်ခွဲချမှတ်လိုက်တာပါ ဒီလိုပြစ်ဒဏ်ချမှတ်မှုကြောင့်ဘရာဇီးပြည်သူများအကြားသဘောထားကွဲလွဲမှု့အမြောက်အများပေါ်ပေါက်လာနိုင်ပါတယ်

လူလာဒါဆေးဗားဟာ၂၀၁ဝခုနှစ်ကသူရာထူးကနှုတ်ထွက်ချိန်တိုင်အောင်သူ့ကိုထောက်ခံအားပေးသူဟာ၈၀%ကျော်ရှိပါတယ် အဂတိလိုက်စားမှုတွေအပေါ် ဘရာဇီးပြည်သူတွေဟာအမျက်ဒေါသထွက်နေတာကြာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလွန်ခဲ့တဲ့သုံးနှစ်ကျော်ကတည်းကပြုလုပ်ခဲ့တာပါ နိုင်ငံပိုင်ရေနံလုပ်ငန်းနဲ့ကန်ထရိုက်ရရှိတဲ့ကုမ္မဏီအကြား သူကကူညီပေးခဲ့ပြီး ထိုကန်ထရိုက်မှ လူလာအတွက် ကမ်းခြေအပန်းဖြေတိုက်ခန်းကိုအသေချာပြင်ဆင်ပေးအပ်ခဲ့တယ်လို့စွပ်စွဲထားပါတယ်

လူလာကဒါကိုငြင်းဆိုထားပြီး နိုင်ငံရေးနဲ့ဆက်နွယ်နေတယ်လို့ပြောပါတယ် လူလာဟာလောလောဆယ်ထောင်အတွင်းထိန်းသိမ်းခံရမှာမဟုတ်ပဲ အယူခံဝင်ခွင့်ရမှာဖြစ်သလို အယူခံဝင်နေတုန်းမှာလည်း လာမယ့်နှစ်မှာကျင်းပမယ့်သမ္မတရွေးကောက်ပွဲမှာလည်းဝင်ရောက်အရွေးချယ်ခံခွင့်ရှိကြောင်း တောင်အမေရိကအခြေစိုက်ဘီဘီစီသတင်းထောက်ကသတင်းပေးပို့ပါတယ်

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။