အင်ဒီမာရေးရှုံးနိုမ့်သွားတဲ့ဝင်ဘယ်ဒန်အိုးပင်း၂၀၁ရကွာတားဖိုင်နယ်

ဗိုလ်စွဲဖို့ရေပန်းအစားဆုံး လက်ရှိချန်ပီယံလည်းဖြစ် ကမ္ဘာ့အဆင့်တစ်လည်းဖြစ်သူ အိမ်ရှင်စတားပလေယာ အင်ဒီမာရေးဟာ ကွာတားဖိုင်နယ်အဆင့်မှာအမေရိကန်နိုင်ငံသား အသက်၂၉နှစ်အရွယ်ရှိသူဆမ်ကွာရေးကိုရှုံးနိုမ့်ပြီး ပြိုင်ပွဲကထွက်ခွာသွားခဲ့ရပါတယ် ဒဏ်ရာပြသနာရှိနေပုံရတဲ့မာရေးဟာ 3-6 6-4 6-7(4-7) 6-1 6-1နဲ့ရှုံးသွားခဲ့တာပါ ၂၀၀၉ခုနှစ်နောက်ပိုင်းအင်ဒီရော့ဒစ်ပြီး ဆီမီးဖိုင်နယ်တက်တဲ့အမေရိကန်ကစားအဖြစ်ဆမ်ကွာရေးကမှတ်တမ်းဝင်သွားပါတယ် အခြားပွဲစဉ်မှာလည်း ဂျိုကိုဗစ်က 7-6(7-2) 2-0 နဲ့သောမက်ဘာဒစ်ကိုရှုံးနိုမ့်နေစဉ် ဒဏ်ရာကြောင့်ဆက်မယှဉ်ပြိုင်ပဲ အနားယူခဲ့တာကြောင့် မာရေးဟာ ကမ္ဘာ့အဆင့်ရပ်တည်မှု့မှာတော့တစ်မှာပဲဆက်ရှိနေပါတယ်

နာမည်ကြီးရော်ဂျာဖက်ဒါရာကတော့ရာအိုနစ်ကို 6-4 6-2 7-6(7-4)အနိုင်ရခဲ့ပါတယ် နောက်ထပ်ပွဲစဉ်တပွဲမှာတော့ နာမည်ကြီးနာဒယ်ကိုဖြုတ်ချခဲ့သူမူလာဟာ ဆီလစ်ကို 6-3 6-7(6-8) 5-7 7-5 1-6နဲ့ရှုံးနိုမ့်သွားပါတယ်

ဆီးမီးဖိုင်နယ်မှာတော့ ရော်ဂျာဖက်ဒါရာ(3)နဲ့သောမက်ဘာဒစ်(11) ဆီလစ်(7)နဲ့ဆမ်ကွာရေး(24)တို့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရော်ဂျာဖက်ဒါရာဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်လာပါတယ်

သတင်းအရင်းမြစ် winbledon 2017

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။