Mudgolem ကနေထွက်ခွာသွားပြီဖြစ်တဲ့ BoraNija

//s9.kh1.co/90/905d65146ac8996282124a8789eb2a9fe277fb78.jpg
အားကစားသတင်းများ

 ၀၈-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

photo credit - liquipedia
photo credit - liquipedia

အသင်းသစ်တွေထဲမှာမှ နည်းနည်းလက်စွာနေတဲ့ Mudgolems ကတော့ ပြီးခဲ့တဲ့ Epic Divisoin 1 ရဲ့ Tiebreaker match မှာ Just Error ကိုရှုံးနိမ့်ပြီး နောက်ဆုံးအဆင့်နဲ့ division 2 ကိုဆင်းသွားရထဲက အသင်းရဲ့ roster ဟာ စတင်ဖရိုဖရဲ ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပွဲပြီးနောက်မှာပဲ mudgolem ရဲ့ mid player ဖြစ်သူ BoraNija ဟာ သူ့အနေနဲ့ အသင်းကနေထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

BoraNija ဟာ mudgolem ရဲ့ mid မှာလက်စွမ်းပြနေတဲ့ player တစ်ယောက်ဆိုပေမယ့် Epic League မှာတော့ သူ့ရဲ့ပုံမှန် performance မျိုးတွေ ပြောက်ဆုံးနေတာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း BoraNija ထွက်ခွာသွားပြီဆိုတော့ mudgolem ရဲ့ ကျန်ရှိနေတဲ့ roster ကတော့

Po 1 – skiter

Po 2 – TBD

Po 3 – 33

Po 4 – MiLAN

Po 5 – Fata

တို့ပဲဖြစ်ပါတယ်။

Mudgolem အနေနဲ့ ဒီကနေ့မှာလည်း EPIC League Division 2 ပွဲစဉ်တစ်ပွဲအဖြစ် ex.NIP အသင်းနဲ့ယှဉ်ပြိုင်ရမှာဆိုတော့ ဘယ်သူ့ကို ခေါ်ယူအစားထိုး ကစားသွားမလဲက စိတ်ဝင်စားစရာပါပဲ။

Mudgolem ဟာ ဒီကနေ့မြန်မာစံတော်ချိန် 3:30 pm မှာ ex.NIP အသင်းနဲ့ ယှဉ်ပြိုင်ရမှာဆိုပေမယ့် လက်ရှိအချိန်တော့ အစားထိုးကစားသွားမယ့် player ကိုကြေညာခြင်းမရှိသေးပါဘူး။

သတင်း အရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T