မိန်းကလေးတွေအနေနဲ့ လက်ထပ်တယ်ဆိုတာ တစ်သက်မှာ တစ်ခါသာရှိတဲ့ မင်္ဂလာဖြစ်ပါတယ်။ အဲ့လိုမင်္ဂလာကို သင့်တော်တဲ့ယောကျ်ားနဲ့ပဲ အတူတူ ရရှိသင့်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့လဲ ဘယ်လိုယောကျ်ားလေးနဲ့ မင်္ဂလာမဆောင်သင့်လဲဆိုတာကို သိရှိသင့်တာမို့ ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ့်ကိုမယုံကြည့်တဲ့သူ
Relationship တစ်ခုမှာ ယုံကြည်မှုဆိုတာ တကယ့်ကို အရေးကြီးတဲ့ အရာဖြစ်ပဲဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ သစ္စာနဲ့ အမှန်တရား အပေါ်မူတည်ပါတယ်။ မိန်းကလေးဘက်က ဘာမှမဟုတ်တာမလုပ်ပဲနဲ့ ကိုယ့်ကိုမယုံမကြည်ဖြစ်နေရင်တော့ ဆက်လက်ပြီး လက်မတွဲသင့်ပါဘူး။
၂။ ရန်ဖြစ်ဖို့ပဲ သိနေတဲ့သူ
အချစ်ရေးတစ်ခုမှာ ရန်ဖြစ်တယ်ဆိုတာ တခါတလေပဲကောင်းတာပါ။ အမြဲတမ်းရန်ဖြစ်နေရင်တော့ မOk သေးပါဘူး။ ကိုယ်နဲ့ပြေလည်အောင်မလုပ်ပဲ အမြဲတမ်း ရန်ဖြစ်ဖို့ပဲ ရွေးချယ်နေရင်တော့ အဲ့လိုသူနဲ့ ဆက်လက်ပြီး လက်မတွဲသင့်ပါဘူး။ ယောကျ်ားဆိုတာ ရန်ဖြစ်တာထက် ပြေလည်အောင်ပဲ လုပ်သင့်ပါတယ်။
၃။ ကိုယ်နဲ့ပတ်သတ်ပြီး ဘာမှစိတ်မဝင်စားသူ
မိန်းကလေးဆိုတာ ချစ်သူရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ ရချင်တဲ့သူပါ။ ကိုယ်ဘာလုပ်လဲ ဘာဖြစ်နေလဲဆိုတာက အစ ကိုယ့်ချစ်သူကို သိစေချင်နေသူပါ။ ဒါကိုသူ့ဘက်က ဘာမှစိတ်မဝင်စားရင်တော့ သိပ်မဟုတ်သေးပါဘူး။
၄။ အချိန်တိုင်းပြဿနာရှာတဲ့သူ
ယောကျ်ားတစ်ယောက်ဆိုတာ ကိုယ့်ဘက်ကမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ပြဿနာ မရှာသင့်ပါဘူး။ ယောကျ်ားဆိုတာ အမြဲတမ်း လူကြီးလူကောင်းပီသရမှာပါ။
၅။ ကိုယ့်ကိုကိုပြည့်စုံတဲ့သူလို့ ထင်နေတဲ့သူ
Rs တစ်ခုမှာ ဘယ်သူမှာ ပြည့်စုံတဲ့သူမရှိပါဘူး။ ဒါကို ငါ့ကိုနင်ဖြတ်လဲ အေးဆေးပဲ ငါ့မှာနင်တစ်ယောက်ပဲရှိတာမဟုတ်ဘူးဆိုတဲ့ ပုံစံလုပ်နေရင်တော့ စဉ်းစာမနေနဲ့တော့။ ယောကျ်ားတွေအမျိုးမျိုးရှိပါတယ်....အလိမ်အညာတွေပြည့်နေတဲ့သူကိုလဲ မစဉ်းစားပါနဲ့။
သတင်း အရင်းအမြစ်៖ Bloggers Arena