နာမည်ကြီးအိမ်ရှင်အမေရိကန်အနိုင်ရခဲ့တဲ့Gold cup အုပ််စုဒုတိယပွဲစဉ်

ယနေ့မနက်မှာယှဉ်ပြိုင်သွားခဲ့တဲ့Gold cup 2017အုပ်စုဘီရဲ့ဒုတိယပွဲစဉ်တွေမှာ အမေရိကန်အသင်းက၃ဂိုး၂ဂိုးနဲ့မာတီးနစ်အသင်းကိုအနိုင်ရခဲ့ပြီးအမှတ်တူဂိုးကွာဟချက်အသာနဲ့အုပ်စုကိုဦးဆောင်လိုက်ပါတယ် အုပ်စုဘီရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ပနားမားက၂ဂိုးတစ်ဂိုးနဲ့နီကာရာဂွါရာကိုအနိုင်ရရှိပြီး ဒုတိယနေမှာရပ်တည်နေပါတယ်

ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့အုပ်စုအေရဲ့ပွဲစဉ်တွေမှာတော့ နာမည်ကြီးကော်စတာရီကာနဲ့ကနေဒါတို့တဘက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သလိုဟွန်းဒူးရပ်နဲ့ပြင်သစ်ဂွီယာနားတို့ပွဲမှာလည်းဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ် ဒီပွဲမှာထူးခြားတာကတော့ပြင်သစ်လက်ရွေးစင်အသင်းအတွက်ပွဲ၈ဝကျော်ကစားပေးခဲ့သူ ဖလောရင့်မာလူဒါတစ်ယောက် ပြင်သစ်ဂွီယာနားအသင်းမှာပွဲထွက်ကစားလာခဲ့တာပဲဖြစ်ပါတယ်

မနက်ဖြန်မနက်အစောပိုင်းမှာတော့ အုပ်စုစီရဲ့ဒုတိယပွဲစဉ်များဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အယ်ဆာဗေးဒိုးအသင်းနဲ့ကူရာကာကို မက္ကဆီကိုအသင်းနှင့်ဂျာမေကာအသင်းတို့ကစားကြမှာပါ

သတင်းအရင်းမြစ် the guardian

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။