ပုဂံရောက် ဆုအိမ့်စံရဲ ့အလှပုံရိပ်များ

ပရိသတ်ကြီးရေ တက်သစ်စ မော်ဒယ်နဲ ့သရုပ်ဆောင် ဆုအိမ့်စံဟာ ဖေ့စ်ဘုတ်ရွာ ၂ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးလို ့ရန်ုကုန်ကို မပြန်ခင်မှာ

ပုဂံကို ဝင်ပြီး သူမဆန္ဒရှိနေတဲ့ အရာလေးကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကတော့ ပုဂံဓလေ့တစ်ခုဖြစ်တဲ့ လက်မှာ ပုံဆွဲပြီး အလှဆင်တာကို သွားရောက်ပြုလုပ်ခဲ့တာပါ။

သူမက အခုလိုမျိုး ပုံဆွဲထားတာကို အရမ်းနှစ်သက်တယ်လို ့လည်းဆိုပါတယ်။ 

ဆုအိမ့်စံဟာ ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တဲ့ ဖေ့စ်ဘုတ်ရွာ ၂ မှာ သရုပ်ဆောင် ကျော်ရဲအောင်နဲ ့မောင်နှမအဖြစ်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို ပုံဖေါ်တဲ့ ဒီဇာတ်ကားကိုတော့ ပုပါးမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်ချစ်တဲ့အနုပညာရှင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်ဖြစ်နေပြီး မြန်မာဆန်တဲ့ ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေ ချစ်လာကြတဲ့ သရုပ်ဆောင် ဆုအိမ့်စံရဲ ့ပုဂံရောက်

အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။

သတင်းအရင်းမြစ် Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။