အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေ ရင်ထဲရောက်တဲ့ သီချင်းလေးတွေ သီဆိုခဲ့တဲ့ အဆိုတော်ရှင်ဖုန်းကို ပရိသတ်တွေ မှတ်မိကြမှာပါ။ ဥက္ကာဦးသာနဲ့ အိမ်ထောင်ကျပြီးနောက် အနုပညာလှုပ်ရှားမှုတွေ ငြိမ်နေခဲ့တဲ့ ရှင်ဖုန်းက အိမ်ရှင်မတာဝန်တွေနဲ့ အလုပ်များနေတယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

” အိမ်ထောင်ကျပြီးနောက်ပိုင်းကျတော့ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စတွေ ပိုများလာတာပေါ့။ ကိုဥက္ကာကလည်းအလုပ်များတဲ့သူဆိုတော့ ကိုယ်ကလည်း တခြားဘက်မှာ တာဝန်ယူပြီးလုပ်ပေးရတဲ့အပိုင်းတွေရှိတယ်။ အဲဒါနဲ့ပဲအလုပ်တွေရှုပ်နေပြီး စီးရီးတွေဘက်ကိုသိပ်မလှည့်ဖြစ်တာပါ။ ရှိုးတွေကျတော့လည်း ကိုယ့်အရွယ်အရ ပွဲတိုင်းနဲ့လည်း မသင့်တော်ဘူးလို့ ကိုယ့်ဘာသာထင်တယ်။ တချို့ပွဲလေးတွေတော့ ဆိုဖြစ်ပါတယ်” လို့ ရှင်ဖုန်းက သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေ ငြိမ်သက်နေရခြင်းအကြောင်းကို ပြောပါတယ်။ 

” လောလောဆယ်တော့ အိမ်ရှင်မပဲလုပ်နေတာပေါ့ (ရယ်လျက်)။ ဒါပေမဲ့ အခု Mini Album လေးတစ်ခုလုပ်ဖို့ စီစဉ်နေတယ်။ သီချင်း ၆ပုဒ်ပါမယ့် Mini Album ပေါ့။ တေးရေးတွေကတော့ အသစ်တွေများပါတယ်။ ဒီသီချင်းလေးတွေက တီးထားဆိုထားတာ ကြာပြီ။ အစက တစ်ခွေလုံးစာ ၁၂ ပုဒ်ထုတ်ဖို့ပဲ။ ဒါပေမဲ့ အချိန်လည်းတအားကြာသွားမှာစိုးတာကြောင့် Mini Album အနေနဲ့ ထုတ်ဖြစ်မှာပါ” လို့ ရှင်ဖုန်းက ပြောပါတယ်။ ရှင်ဖုန်းက Plus-3 တီးဝိုင်းက ဥက္ကာဦးသာနဲ့ အိမ်ထောင်ကျပြီး နောက်မှာတော့ ကိုဥက္ကာရဲ့ အလုပ်တွေကိုအားဖြည့်ပံ့ပိုးရင်း အလုပ်ရှုပ်နေတာကြောင့် စီးရီးတွေလည်း အထွက်ကျဲနေတယ်လို့ ဆိုပါတယ်။

ရှင်ဖုန်းက သူ့ရဲ့ Mini Album သစ်ကိုတော့ နိုဝင်ဘာလအတွင်းမှာ ထွက်ရှိနိုင်ဖို့ စီစဉ်နေပြီး အောက်တိုဘာလထဲမှာလည်း စုံတွဲဂီတပွဲတစ်ခုပြုလုပ် ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

Source : popular journal

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။