ဇူလိုင်လ ၁၄ ရက်နေ ့တွင် ကျင်းပမည့် ဆရာတော် ဦးကိတ္တိသာရ (ဦးကျော်ဟိန်း) ၏ သက်တော် ၇၀ ပြည့် ဝိဇာတ မွေးနေ ့အလှူ

ပရိသတ်ကြီးရေ အနုပညာလောကကနေ အနားယူသွားပြီဖြစ်ပြီး သာသနာဘောင်ထဲမှာ ရဟန်းဝတ်နဲ ့ငြိမ်းချမ်းစွာ တရားအားထုတ်နေတဲ့

ဆရာတော် ဦးကိတ္တိသာရ (ဦးကျော်ဟိန်း) ရဲ ့သက်တော် ၇၀ ပြည့် ဝိဇာတမွေးနေ ့အလှူကို ဇူလိုင်လ ၁၄ ရက်နေ ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါနေ ့မှာတော့ ကိုလူချောအဖွဲ ့အား ဆန်အိတ် ၉၀ လှူဒါန်းခြင်း၊ ဇာတ်ပို ့/ဇာတ်ရံ အလွှာ သာ/နာအဖွဲ ့နှင့် စက်မှုအလွှာ သာ/နာ အဖွဲ ့တို ့အား

ရံပုံငွေ လှူဒါန်းခြင်းတို ့ကို ပြုလုပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။

အခမ်းအနားကိုတော့ ဇူလိုင်လ ၁၄ ရက်နေ ့နံနက် ၉ နာရီတွင် ရန်ကုန်မြို ့၃၅ လမ်းအထက် ဓမ္မာရုံမှာ ကျင်းပသွားမှာ ဖြစ်တယ်လို ့လည်း သိရှိရပါတယ်။

ပရိသတ်ကြီးကလည်း ဆရာတော် ရဲ ့သက်တော် ၇၀ ပြည့်မွေးနေ ့မှာ ဆရာတော် ကျန်းမာစွာနဲ ့သာသနာအကျိုးဆက်လက်သယ်ပိုးနိုင်စေကြောင်း

ဆုတောင်းမေတ္တာပို ့သနို်င်ပါတယ်နော်။ 

သတင်းအရင်းမြစ် Aung Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။