ငယ်ငယ်က စကားပုံတွေ ကြားဖူးကြမှာပါ။ ငယ်က ချစ် နှစ်တစ်ရာ မမေ့သာတဲ့လေ..

အချစ်ဦးလို့ ပြောတဲ့အတွက်ကြောင့် ကျောင်းသူဘဝကဖြစ်ဖြစ်၊ မရင့်ကျက်ကတည်းက ဖြစ်ဖြစ်၊ ပထမဦးဆုံး ချစ်ခဲ့ရတဲ့သူမျိုးဖြစ်ဖြစ် အဲ့ဒီအချိန်မျိုးမှာ ချစ်ခဲ့ရတာကြောင့် တခြားအချိန်တွေထက် ပိုပြီး ဖြူစင်ကြပါတယ်။ ဘဝအကြောင်းလည်း အများကြီး မတွေးထားသလို အချစ်ဆိုတာ ချစ်နေဖို့လိုပဲ ထင်ပါတယ်ဆိုတဲ့ အချစ်မျိုး … သိပ်ကို ပျော်စရာကောင်းပြီး ကြည်နုူးစရာလည်း ကောင်းတာပေါ့။ လူတိုင်းနီးပါးကတော့ အချစ်ဦးနဲ့ ပေါင်းဖက်ချင်ကြတာပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာကြပေမဲ့ ဘယ်တော့မှ မေ့လို့မရပါဘူး။ အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ် ခဏ ခဏကို သတိရနေတတ်ပါတယ် အဲ့ဒါမျိုးက အချစ်ဦးလေ …

အချစ်ဆုံးဆိုတာကတော့ လက်ရှိ ကိုုယ့်ဘေးနားမှာ ကိုယ်ရွေးချယ်ထားတဲ့ သူပေါ့။

တခါတလေ တိုက်ဆိုင်ပြီးတော့ အချစ်ဆုံးနဲ့ လက်တွဲနေတဲ့့ အချိန်မှာ အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ့်စိတ်က ဝေခွဲမရ ဖြစ်တတ်ပါတယ်။ အချစ်ဦး ဆိုတာကလည်း တစ်ချိန်က ကိုယ့်ရဲ့ အချစ်ဆုံးပဲလေ။ အကယ်၍များ သူကလည်း Single, ကိုယ်ကလည်း Single, ဒါ့့အပြင် သူ့ရဲ့ စိတ်က ကိုယ့်ဆီမှာ ရှိနေသေးတယ် ဆိုရင် …. ဟူး ….. အနေကြပ်ပြီ ။ စဉ်းစားရတော့မယ် …

အဲ့ဒီအခါ ဘာလုပ်ရမလဲပေါ့။ အချစ်ဆိုတာ expired date မှ မရှိတာ။ အရင်က အချစ်ဆုံး ဆိုတာကလည်း လက်ရှိ ရွေးချယ်ရမဲ့ စာရင်းထဲမှာ အကျုံးဝင်တာပဲလေ … အဲ့ဒီတော့ ဘဝလက်တွဲဖော် အဖြစ် အချစ်ဆုံးနဲ့ အချစ်ဦးကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာ နည်းလမ်းလေး နည်းနည်းလောက် မျှဝေချင်ပါတယ် …

(၁) နှစ်ဦးစလုံးကို အစကနေ ပြန်လေ့လာပါ။

သူတို့ နှစ်ဦးစလုံးကို အခုမှ ချစ်သူ တော်ရမဲ့သူလို့ သဘောထားပြီး အစကနေ ပြန်လေ့လာပါ။ ဘယ်သူက ကိုယ့်ကို ပိုပြီး ဦးစားပေးလဲ? ဘယ်သူက ကိုယ့်ကို ပိုချစ်လဲ? စသည်ဖြင့် အားမနာတမ်း ပြန်လေ့လာပါ။ သူတိုု့တော့ မသိစေနဲ့နော် ….

(၂) လက်ရှိအချိန်မှာတော့ တစ်ကိုယ်ကောင်းဆန်ပါ။

လောလောဆယ် အခြေအနေမှာ ဒီနှစ်ယောက်စလုံးက ကိုယ့်ဘက်မှာ ရှိတာမို့ မိမိအတွက် အခွင့်အရေးကောင်းပါ။ ဘယ်သူ့ဘက်ကိုမှ စိတ်ခံစားချက် မသာစေဘဲ မိမိကိုယ်ကို တစ်ကိုယ်ကောင်းဆန် ကြည့်ပါ။ ဘယ်သူ့က သင့်ကို ပျော်ရွှင်မှု ပိုပေးနိုင်လဲဆိုတာကို စဉ်းစားပါ။ အဲ့ဒီလူကို ရွေးချယ်ပါ။

(၃) နှစ်ဦးကို ယှဉ်ပြီး အားနည်းချက်တွေ ရေးပါ။

ဘယ်သူ့ကိုမှ မသိစေပဲ အမှန်အတိုင်း ဝေဖန်ဆန်းစစ်ပါ။ နှစ််ဦးစလုံးက ကိုယ်နဲ့ ရင်းနှီးပြီးသားမို့ သူတို့ရဲ့ အားနည်းချက်တွေကို သိပြီးသာဖြစ်မှာပါ။ မိမိဘဝရဲ့ လက်တွဲဖော်အဖြစ် စဉ်းစားရမှာမို့ အားနည်းချက် နည််းသူကို ရွေးချယ်ပါ။


(၄) ကိုယ့်မိသားစု နေရာကနေ စဉ်းစားကြည့်ပါ။

အိမ်ထောက်ဘက်အဖြစ် ရွေးချယ်ပြီးမှ မိသားစုနဲ့ အဆင်မပြေရင် ကိုယ့်အတွက် အများကြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကို သတိထားမိပြီး ကိုယ့်မိသားစုသာဆို ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ စဉ်းစားပါ။

(၅) နှစ်ဦးစလုံးကို တစ်ပြိုင်တည်း အကူအညီ တောင်းကြည့်ပါ။

သူတို့ နှစ်ဦးစလုံးအတွက် ကူညီဖို့ နည်းနည်း အခက်အခဲ ရှိတာမျိုးကို ဖန်တီးပြီးတော့ ဖြစ်ဖြစ်၊ တကယ် ကြုံတွေ့လို့ပဲ ဖြစ်ဖြစ် အကူအညီ တောင်းကြည့်ပါ။ ကိုယ့်အတွက်ဆိုရင် ဘယ်သူက အဆင်သင့် ပိုဖြစ်နေမလဲဆိုတာ သင် သိလာပါလိမ့်မယ်။

(၆) ကိုယ့်သူငယ်ချင်းနဲ့ သူတို့ရဲ့ သူငယ်ချင်းတွေကို ခဏ လျစ်လျူရှုပါ။

သူ့ကိုသာ ငါရွေးလိုက်မယ်ဆို ငါ့သူငယ်ချင်းတွေ ဘာပြောမလဲ ? ဟိုတစ်ယောက်ရဲ့ သူငယ်ချင်းတွေကရော ဘယ်လိုု မြင်မလဲ ? ….. စသည်ဖြင့် လုံးဝ မတွေးပါနဲ့။ သူငယ်ချင်း၊ မိိတ်ဆွေ ဆိုတာလည်း ပတ်ဝန်းကျင် တစ်ခုပါပဲ။ ချီးမွန်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်မို့ သူတို့ ဝေဖန်မှာကို မစိုးရိမ်ပါနဲ့။ သင့်အတွက် ဘဝ လက်တွဲဖော် ကောင်းသာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့ရင် နောက်ပိုင်း ဒီလူတွေက သင့်ကို အားကျနေရသူတွေ ဖြစ်လာနိုင်ပါတယ်။ …

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လူဆိုတာ ကိုယ့်ကို ကိုယ် အချစ်ဆုံးပါပဲ။ အကောင်းဆုံးကို ရွေးချယ်ကြတာ လူ့သဘာဝ ပါပဲ။ ကိုယ့်ထက် သာတဲ့ သူ တစ်ယောက်ကို လက်တွဲဖော် ရွေးချယ်ခဲ့တယ်ဆိုရင်လည်း တကယ်ချစ််တဲ့သူက နားလည်ပေးမှာပါ။ စိတ်မကောင်းဖြစ်ပေမဲ့ ဝမ်းသာပေးမှာပါ။ ဘဝလက်တွဲဖော်ကောင်းများ ပို်င်ဆိုင်နိုင်ကြပါစေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။