အစီအစဉ်တင်ဆက်တဲ့ သက်တမ်း ၁၂ နှစ် ရှိသွားပြီဖြစ်တဲ့ ကောင်းထက်ဇော်

ပရိသတ်တွေက အောင်မြင်တဲ့ Television Host တစ်ယောက်အဖြစ်သိမြင်ကြတဲ့ ကိုကောင်းထက်ဇော်ဟာ အသက် ၁၈ နှစ်အရွယ်တည်းက ဒီအလုပ်ကို

စတင်ခဲ့တာမို ့အခုဆိုရင် အစီအစဉ်တင်ဆက်တဲ့ သက်တမ်း ၁၂ နှစ်ရှိသွားပြီဖြစ်ပါတယ်။

ကိုကောင်းထက်ဇော်ရဲ ့လက်ရှိ တီဗွီ မှာ ပါဝင်တင်ဆက်နေတဲ့ အစီအစဉ်တွေကတော့ Channel 7 မှာ “The Money Drop Myanmar” နဲ ့ “မိသားစုပြိုင်ပွဲ” MRTV-4 မှာ “Galaxy Star” တို ့ပဲဖြစ်ပါတယ်။

ကိုကောင်းထက်ဇော်က သူ ့ရဲ ့အစီအစဉ်တော်တော်များများကို ပရိသတ်တွေက တစ်ခဲနက် နှစ်သက်အားပေးကြတဲ့အပေါ်မှာ သူ ့ရဲ ့ခံစားချက်ကို

Now မဂ္ဂဇင်းရဲ ့အင်တာဗျူးမှာ အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတဲ့ အတွက် ကျွန်တော်လည်း ပျော်ပါတယ်။ အဓိကက အစီစဉ်တစ်ခုနဲ့တစ်ခု ပြောင်း သွားတဲ့အချိန်မှာ ကိုယ်က အရင်

အတိုုင်းပဲ အရင်အသံချည်းပဲ အနေအ ထားကအစ အဲဒီလိုမဟုတ်ဘဲ အသံ အနေအထားတွေကိုပါ အစီအစဉ်နဲ့ လိုက်လျောညီထွေ လိုက်ပြောင်းမှသာ

နောက်အစီအစဉ် အသစ်တစ်ခုမှာ နောက်ပုံစံတစ်မျိုးနဲ့ တွေ့တော့မှသာ ပေးချင်တဲ့ မက်ဆေ့ချ်၊ ခံ စားမှု အသစ်ကို ပရိသတ်ကရပြီး ဪ ဒါကတော့

တစ်မျိုးလေးပါလား။ နောက် တစ်ခုကျရင်လည်း တစ်မျိုးထူးပါလားဆို ပြီး ဖြစ်မယ်။ ပြီးတော့ ပရိသတ်ကို လေး စားဖို့လည်း လိုမယ်။ လေးစားဖို့အတွက် လည်း ကိုယ်တိုင်က အဲဒီအစီစဉ်နဲ့လိုက် တဲ့ ခံစားမှုမျိုးကို ကျင့်ကြံဖို့ လိုပါတယ်” လို ့ကိုကောင်းထက်ဇော်က ပြောပြသွားခဲ့ပါတယ်။

ဒီလိုမျိုး အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ဖို ့က စိတ်ကူးအိပ်မက်မဟုတ်ခဲ့ပေမယ့် အခုချိန်မှာတော့ ကိုကောင်းထက်ဇော်ဟာ ပရိသတ်ကြားရေပန်းစားတဲ့ အောင်မြင်တဲ့ Presenter တစ်ယောက်အနေနဲ ့ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Now! Weekly Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။