ဒုက္ခသည်ဦးရေတိုးမြှင့်လက်ခံလာတဲ့အမေရိကန်ပြည်ထာင်စု

ဒေါ်နယ်ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း ယခုနှစ်ဘဏ္ဍါရေးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက လက်ခံလိုက်တဲ့ဒုက္ခသည်ဦးရေဟာ ငါးသောင်းကျော်ရှိသွားခဲ့ပါပြီ

သမ္မတအိုဘားမားလက်ထက်က ဒုက္ခသည်ဦးရေ တစ်သိန်းတစ်သောင်းလက်ခံဖို့သတ်မှတ်ခဲ့ပြီး ထရမ့်လက်ထက်မှာတော့ငါးသောင်းထိပဲလက်ခံဖို့သတ်မှတ်လိုက်တာပါ ဒါပေမယ့်ဗုဒ္ဓဟူးနေ့နေ့လည်ထိ ဒုက္ခသည်ဦးရေ၅၀၀၈၆ထိလက်ခံပြီးဖြစ်ကြောင်းသိရပါတယ်

မတည်ငြိမ်မှု့တွေ တရားဥပဒေရေးရာအခြေအတင်တွေဖြစ်ခဲ့နောက် တရားရုံးကသတ်မှတ်လိုက်တဲ့ကင်းလွတ်ခွင့်အောက်မှာနောက်ထပ်ဒုက္ခသည် ဘယ်လောက်များများအမေရိကန်သို့ရောက်ရှိလာမယ်ဆိုတာမသိသေးပါဘူး အဆိုပါကင်းလွတ်ခွင့်ရသူတွေကတော့အမေရိကန်မှာလက်ရှိမိသားစုရှိသူတွေနဲ့ပိုင်ဆိုင်ခွင့်ရှိသူတွေကို ဝင်ခွင့်ပေးလိုက်တာပါ

ထရမ့်ရဲ့သတ်မှတ်ချက်ကြောင့်လည်းမြန်မာနိုင်ငံသားဒုက္ခသည်ဝင်ရောက်မှုအတော်နည်းသွားတယ်လို့ မြန်မာဒုက္ခသည်ကူညီမှုလုပ်ငန်းတွေလုပ်ဆောင်နေတဲ့BAIC လူမှုရေးအသင်းဥက္ကဠဒေါက်တာရိုဒင်းကvoaကိုပြောပါတယ်

စာရင်းများအရ ၂၀၀၅ခုနှစ်နောက်ပိုင်း မြန်မာဒုက္ခသည်၂သိန်း၃သောင်းကျော်ဟာအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်

သတင်းအရင်းမြစ် VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။