ဆယ်လီတွေဟာ စီးပွားရေးချဲ့ထွင်တဲ့အနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ပစ္စည်းများကိုထုတ်လုပ်ရောင်းချလာကြပါတယ် ။

အများစုကတော့ လူငယ်တွေနှစ်သက်ကြတဲ့ ဖက်ရှင်ပိုင်းဆိုင်ရာပစ္စည်းတွေပါ ။ စန္ဒီမြင့်လွင်ဟာလည်း သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့

Handmade ဖိနပ်များကိုထုတ်လုပ်ရောင်းချပါတယ် ။ ထိုဖိနပ်ကို ဝယ်ယူသူတစ်ယောက်က ပစ္စည်းရောက်လာတဲ့အခါ

မျှော်လင့်ထားတဲ့ Quality နဲ့ မကိုက်ညီလို့ အွန်လိုင်းပေါ်မှာ တင်ပြီး ဝေဖန်ခဲ့တာပါ ။ ဂျင်းထည့်မခံရစေရန် ရည်ရွယ်ပါသည်လို့လဲ ဆိုထားပါတယ် ။

" ပြောစရာစကားမရှိတော့ပါဘူး မမဂျင်း စန္ဒီမြင့်လွင်ရေ

ကိုယ့်နာမည်အပျက်ခံပြီး ခုလို ရိုက်စားလုပ်တာတော့ လွန်လွန်းပါတယ်။

တကယ်ဆို ၂၀၅၅၀ +ပို့ခ ၂၀၀၀ =၂၂၅၅၀ ကျပ် ဆိုတာဟာ သိပ်တန်တဲ့ ငွေပမာဏတော့မဟုတ်ပါ။

ကျမလိုပဲ စန္ဒီမြင့်လွင် fun တွေ အားပေးချင်တဲ့ သူများ သို့ အညာ(ဂျင်းမထည့်)ခံရစေရန်ရည်ရွယ်ပါသည်။

#koekofashion #handmade

handmade ကတော့ မှန်ပါတယ် သူများတံဆိပ်ပေါ်မှာ koeko တံဆိပ်ကို ကော်ကပ်ထားတယ်။

အကျႌချုပ်ရင်တပ်တဲ့ ပန်းပွင့်ကို ဖနောင့်နေရာမှာကော်နဲ့ ကပ်ပေးထားတယ်

#handmade စစ်စစ်ပါပဲ

#လွတ်လပ်စွာshareခြင်းဖြင့်အခြားအမျိုးသမီးလေးများဂျင့်ထည့်ခံရခြင်းကိုကာကွယါနိုင်စေရန်ရည်ရွယ်ပါသည်။ " လို့ အဆိုပါပို့စ်ပိုင်ရှင်ကရေးသားထားခဲ့ပါတယ် ။ 

ထိုဖြစ်ရပ်အပေါ် စန္ဒီမြင့်လွင်တို့ရဲ့ Koeko Page ကနေ အောက်ပါပုံထဲကအတိုင်း ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ် ။ 

ပရိသတ်များအတွက် Live လွှင့်ပြီး စကားပြောတဲ့ အချိန်မှာလည်း ဖိနပ်နဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းပြ ပါတယ်။ အဲ့ဒီ Live ထဲမှာ ဖိနပ်နဲ့ ခိုင်ခံမှုတွေကို သေချာလေး ပြော ပြထားသလိုဖြစ်ခဲ့တဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ပြောပြထားပါသေးတယ် ။

စန္ဒီမြင့်လွင်အနေနဲ့ ဖိနပ်လုပ်ငန်းကို သူငယ်ချင်း တစ်ယောက်နဲ့ အတူ ပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဖိနပ်များကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက မှာယူပြီး မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ဒီဇိုင်းဆန်းများနဲ့ ဟန်းမိတ်ပြုလုပ် ရောင်းချခဲ့တယ်လို့ ယခင်အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

သတင်းအရင်းမြစ် Duwun + Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။