ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ကောင်းမကောင်းဆိုတာ လူမျိုးဘာသာ နဲ့မဆိုင်ပါဘူး ကိုယ့်ရဲ့ စိတ်နေသဘောထားပေါ်မှာပဲ မူတည်ကြောင်း ဒီနိုင်ငံခြားသားလေးက သွယ်ဝိုက်တဲ့နည်းနဲ့ သက်သေပြလိုက်သလိုပါပဲ။

လက်တလောလူမှုကွန်ရက်မှာ  သြစတြီးယားနိုင်ငံသားလေးရဲ့ ဆွမ်းခံလိုက်တဲ့ ပုံရိပ်တွေကတော့ ပြောစမှတ်တွင်နေပါတယ်။

အသက်(၂၀)အရွယ်သာရှိသေးတဲ့ အဲလက်စ်ဟာ သန်လျင် သဘာဝတရားရိပ်သာမှာ ၀ိပဿနာတရားအားထုတ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။

သြစတြီးယားနိုင်ငံသား အဲလက်စ်ကတော့ တခြားသောနိုင်ငံခြားသားတွေထက် ပိုထူးခြားတာကတော့ ၀ိပဿနာတရားအားထုတ်ခြင်းအပြင် ရဟန်းသံဃာတွေ ဆွမ်းခံထွက်တဲ့အခါမှာလည်း နောက်ကလိုက်ပြီး ဖလားကိုင်ကာ အလှူခံထွက် ကုသိုလ်ယူသေးတာပါ။ အဲ့လက်က သူအခုလို လုပ်အားပေးကုသိုလ်ယူတာနဲ့ပတ်သက်ပြီး

“အခုလို လုပ်အားပေးလည်း လုပ်တယ်။ တရားလည်း ထိုင်ပါတယ်။ မြိတ်မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာလည်း တရားအားထုတ်ဖူးပါတယ်။ မြန်မာနိုင်ငံဟာ ၀ိပဿနာ ကျင့်ကြံအားထုတ်ဖို့ အကောင်းဆုံးနိုင်ငံဖြစ်တာကြောင့် ကျွန်တော် လာခဲ့တာပါ။ ဒီမှာက တရားပြပေးမယ့် ပုဂ္ဂိုလ်တွေလည်း အများအပြားရှိတယ်လေ” လို့ ပြောပါတယ်။

ဒါ့ပြင် သူပထမဆုံးရောက်တာကတော့ ရုရှားနိုင်ငံဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တရုတ်ကိုလည်း သွားရောက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

ရဟန်းသံဃာများနှင့်အတူ ဆွမ်းခံလိုက်ခြင်းနှင့်ပတ်သက်ြ့ပီး သူ့ရဲ့ခံစားချက်ကို အခုလိုပြောပြထားပါတယ်။

“ကျွန်တော်အတွက်တော့ အင်မတန်ထူးကဲတဲ့ ခံစားမှုတခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဥရောပမှာဆို ဒီလိုအတွေ့အကြုံမျိုးရဖို့ မဖြစ်နိုင်ဘူးလေ။ ဗုဒ္ဓဘာသာဝင်မြန်မာတွေက သူတို့မှာငွေကြေးသိပ်ပြီးရှိလှတာမဟုတ်ပေမယ့်လည်း ရဟန်းသံဃာတွေကို ဆွမ်းလောင်းတယ်။ ကိုယ့်လောက် မပြည့်စုံတဲ့လူတွေကို ပေးကမ်းကြတယ်။ တကယ်ကို ကြည်နူးစရာပါ”လို့ အဲ့လက်က ပြောပါတယ်။

သူဟာ ပထမဆုံးအကြိမ်ဖြစ်ရောက်ဖူးတဲ့ မြန်မာနိုင်ငံမှာ ၁ လခန့် နေထိုင်မည်ဖြစ်ပြီး အခွင့်အရေးပေးရင်တော့ ထပ်မံလာရောက်ဦးမယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ ဗုဒ္ဓဘာသာကို တိုင်းတစ်ပါးသားကတောင် အခုတန်ဖိုးထားပုံထောက်ရင် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေက ပိုပြီးတောင် တန်ဖိုးထားသင့်တယ်မဟုတ်လား ပရိသတ်ကြီးရေ။

သတင်းအရင်းမြစ် မော်ရိုး New Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။