ဆီဒင်၂ရ ဆီမွန်နာဟာလတ် ရှုံးနိုမ့်သွားတဲ့ဝင်ဘယ်အိုးပင်းကွာတားဖိုင်နယ်

ပြိုင်ပွဲဗိုလ်စွဲဖို့သတ်မှတ်ခြင်းခံထားရသူဆီမွန်နာဟာလတ်ဟာ အိမ်ရှင်တို့ရဲ့မျှော်လင့်ချက် ဂျိုဟန်နာကွန်တာကိုရှုံးနိုမ့်ပြီး ထွက်ခွာခဲ့ရပါတယ် ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး 6-7(2-7) 7-6(7-5) 6-4 နဲ့ကွန်တာအနိုင်ရပြီး ၁၉၇၈ခုနှစ်နောက်ပိုင်း ပထမဆုံးဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့အမျိုးသမီးကစားသမားဖြစ်ခဲ့ပါတယ်

ကွန်တာဟာ လက်ရှိပြင်သစ်အိုးပင်းမှာဗိုလ်စွဲခဲ့လတ်ဗီးယားသူ အော့စတာပန်ကို ကို 6-3 7-5နဲ့အနိုင်ယူခဲ့တဲ့အမေရိကန်ဝါရင့်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံနဲ့ဆီမီးမှာတွေ့ဆုံမှာဖြစ်ပြီး အိမ်ရှင်ပရိသတ်တွေကတော့ ကွန်တာအနိုင်ရဖို့တခဲနက်အားပေးမှာအသေချာပဲဖြစ်ပါတယ် ကွန်တာအနေနဲ့ကလည်းသူရဲ့ပထမဆုံးဂရင်းဆလမ်းပြိုင်ပွဲဗိုလ်လုပွဲရောက်ဖို့အိမ်ရှင်ပရိသတ်အားနဲ့ကြိုးစားသွားရမှာပါ

နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဆီဒင်ရရကုဇညက်ဆိုဗာကို 6-3 6-4နဲ့အနိုင်ရခဲ့တဲ့ဆီဒင် ၁၄စပိန်သူမူဂူရူဇာဟာ ဗန်ဒီဝီဂျ်ဆီဒင်၂၄ကို 6-3 6-3 နဲ့အနိုင်ရခဲ့တဲ့ဆီဒင်မဲ့ရေဘရီကိုဗာကိုတွေ့ဆုံယှဉ်ပြိုင်သွားရမှာပါ

ပြီးခဲ့တဲ့ပြင်သစ်အိုးပင်းမှာမထင်မှတ်ပဲ နာမည်ကျော်တွေကိုအနိုင်ယူဗိုလ်စွဲခဲ့တဲ့လတ်ဗီးယားသူအော့စတာပန်ကို လို ရေဘရီကိုဗာလည်းစွမ်းဆောင်သွားနိုင်မလားဆိုတာစိတ်ဝင်စားစရာပါ

သတင်းအရင်းမြစ် the guardian

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။