အမှတ်မထင်လုပ်မိတာလေးကနေ နှာခေါင်းပြောက်ပီး မျက်လုံးပါကွယ်သွားတဲ့ ကောင်မလေး

//s9.kh1.co/7a/7aeba9b633b00023be1f3409e0ac2cd000435183.jpg
နိုင်ငံတကာသတင်းများ

 ၁၀-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖိလစ်ပိုင်နိုင်ငံက Mary ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဆယ်ကျော်သက်အရွယ်လေးသာရှိပေမယ့် သူမကိုယ်တိုင်တောင် မတွေးထားမိတဲ့ ကံကြမာဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

Mary ဟာ လူအများနည်းတူ နှာခေါင်းပေါ်မှာထွက်တတ်တဲ့ အစက်အပြောက်လေးတွေကို အန္တရယ်မရှိဘူးထင်ပီး ညှစ်ရာကနေ မျက်စိကွယ်သွားတဲ့အထိ ဆိုးရွားတဲ့ရောဂါဆိုးကြီးကို ခံစားနေရတာပဲဖြစ်ပါတယ်။

photo credit - Metro
photo credit - Metro

Mary ဟာ၎င်းအစက်အပျောက်လေးတွေကို ညှစ်ပီးနောက်မှာ နာကျင်မှုတွေကို စတင်ခံစားလာရပြီး ရက်တဖြေးဖြေးကြာလာတာနဲ့အမျှ သူမညှစ်ထားတဲ့နေရာက တဖြေးဖြေးကြီးထွားလာခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ Mary ရဲ့နှာခေါင်းဟာ ပြောက်လုဆဲဆဲဖြစ်သွားပြီး ၎င်းအရာကြီးက မျက်လုံးထိရောက်အောင်ကြီးထွားလာတဲ့အခါမှာတော့ Mary ဟာ မျက်စိကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။

Mary ဟာ အသက် 17 နှစ်ပဲရှိသေးတဲ့ အိမ်ထောင်သည် ကလေးတစ်ယောက်မိခင်ဆိုပေမယ့် သူမရဲ့ကျန်ရှိနေတဲ့ ဘဝသက်တမ်းမှာ မျက်စိပြန်ရင်ရဖို့အတွက်တော့ ဘယ်သူမှသေချာမပြောနိုင်သေးပါဘူး။

photo credit - Metro
photo credit - Metro

Mary အနေနဲ့လည်း ၎င်းအရာကြီးကြောင့် သူမဟာ ဖောင်းပွပြီးပေါက်လုဆဲဆဲဖြစ်နေတဲ့ ဘောလုံး တစ်လုံးလို ခံစားနေရပေမယ့် သူမကိုဘယ်သူမှအကူအညီပေးနိုင်ကြသေးပါဘူး။

Mary အနေနဲ့ဒီဝေဒနာကို စတင်ခံစားလာရတာ တစ်နှစ်လောက်ရှိပြီဆိုပေမယ့် ဆေးရုံးကောင်းကောင်းမှာ ကုသဖို့အတွက် သူတို့မိသားစုက ငွေမတတ်နိုင်တာကြောင့် ဆေးမှီးတိုလေးတွေကိုသာ မှီဝဲနေရတာပဲဖြစ်ပါတယ်။

Mary တို့မိသားစုအနေနဲ့လည်း သူတို့ကိုကူညီနိုင်မယ့် အလှူရင်မျိုးကို လိုအပ်နေပြီး အမြန်ဆုံးရရှိနိုင်ပါစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

photo credit - Metro
photo credit - Metro

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T