လူမှုကွန်ယက်ပေါ်မှာ အရမ်းစိတ်ဝင်စားမှုများနေတဲ့ လူသားနဲ့ ရေသူမကြားက မိသားစုဓာတ်ပုံလေးများ

//s9.kh1.co/bf/bfece894681e728f26722b825f0df918a952767c.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တဖြေးဖြေးပွင့်လင်းမြင်သာလာတဲ့ ခေတ်ကာလမှာတော့ လူသားတွေဟာ ရေသူမလို ရေသူထီးလို ဝတ်စားဆင်ယင်ရတာကို သဘောကျလာကြပြီး တချို့သောသူတွေဆိုရင် ဒီလိုနေရတာကို အရမ်းရူးသွပ်လာကြပါတယ်။

ယခုတစ်ခေါက်မှာဆိုရင်လည်း ပရိသတ်တွေကို လူမှုကွန်ယက်ပေါ်မှာ အရမ်းလူစိတ်ဝင်စားမှုများနေတဲ့ မိသားစုဓာတ်ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီမိသားစုဓာတ်ပုံလေးတွေကတော့ ရေသူမနဲ့ လူသားကြားက မိသားစုဓာတ်ပုံလေးတွေဖြစ်ပြီး ကြည့်ရတာ အရမ်းကြည်နူးစရာကောင်းလှပါတယ်။

photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside

ကမ်းခြေတွေသွားတဲ့အခါဒါမှမဟုတ် ရေကူးကန်တွေထဲမှာတောင် ရေသူမဝတ်စုံ ၊ရေသူထီးဝတ်စုံတွေကို ဝတ်ပြီး ရေကူးကြ၊ ဓာတ်ပုံရိုက်ကြသူတွေရှိလာသလို ဒါဟာလည်း လူစိတ်ဝင်စားမှုများတဲ့ အရာတွေထဲက တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

ယခုတွေ့မြင့်နေရတဲ့ပုံတွေထဲက တစ်ပုံမှာဆိုရင်လည်း ကိုယ်ဝန်အရင့်အမာကြီးရှိနေတဲ့ ရေသူမနဲ့ လူသားယောကျာ်းလေးတို့ အနမ်းပေးနေတဲ့ပုံစံကို ပုံဖော်ထားပြီး ဒုတိယတစ်ပုံမှာတော့ သူတို့နှစ်ယောက်ကဖွားမြင်ထားတဲ့ ရင်သွေးလေးနဲ့အတူတွဲရိုက်ထားတာလေးကို ယှဉ်ပြထားတာလေးက တကယ်အားကျစရာပါပဲ။

photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside

ဒီဓာတ်ပုံတွေကိုတော့ ဓာတ်ပုံဆရာ Ulysses Padilha ကဖန်တီးရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့အိုင်ဒီယာနဲ့ ရိုက်ထားတဲ့ပုံစံလေးတွေက တကယ်ကိုသဘောကျစရာကောင်းလှပါတယ်။

ကလေးငယ်လေးတွေကို ရိုက်ကူးထားတဲ့ပုံတွေဟာဆိုရင်လည်း ချစ်စရာကောင်းပြီး အသက်ဝင်လှတာကြောင့် နိုင်ငံတော်တော်များများက လူတွေဆီကစိတ်ဝင်စားမှုကို ရရှိနေတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရော ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ ဒီလိုဓာတ်ပုံလေးတွေ မရိုက်ချင်ကြဘူးလား။

photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside
photo credit- Brightside

သတင်း အရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T