လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတဲ့ ဆူဇီဟာလာမယ့် စက်တင်ဘာကျရင်တော့ တေးစီးရီးအသစ်တစ်ခုထွက်ရှိမယ်လို့သိရပါတယ် ။

ထိုတေးစီးရီးမှာ ချစ်သူဖြစ်ခဲ့တဲ့ ယုန်လေးကတော့ တသက်လုံးပါစရာအကြောင်းမရှိတော့ပါဘူးလို့ဆိုပါတယ် ။ အချစ်ရေးကတော့ ရွေးချယ်မှုမှားခဲ့တယ်လို့လည်းဆိုပါတယ် ။

"၂၀၀၆ ကထွက်ခဲ့တဲ့ ပထမဆုံးအခွေတုန်းကလဲ ခွေထွက်ပြီး ၆ လ စောင့်လို့ မှမပေါက်ခဲ့ ရင် ဂျပန် မှာ ကျောင်း သွားတက်ရမယ်ဆိုပြီးတော့ အိမ်က warning ပေးပြီးသား ခွေထွက်ပြီးခြောက်လလောက်ထိ ဘာသံမှမကြားရတော့ ဂျပန်ထွက်သွားခဲ့ ရတယ် ။ ဂျပန် ရောက်ပြီးတစ်နှစ်လောက်အကြာ ၂၀၀၇ လောက်မှာတော့ လူတွေ သိကုန်ကြပြီ ။ ပရိတ်တွေရဲ့ တောင်းဆိုမှုတွေရှိလာပေမယ့် ကျောင်းစရိတ်က ၂နှစ်စာ သွင်းပြီးသားဆိုတော့ ပြန်လာဖို့ လဲ အဆင်မပြေဘူး ။ စီးရီးအောင်မြင်ပေမယ့် အောင်မြင်တဲ့ အသီးအပွင့်ကို မခံစားခဲ့ ရဘူး ။

ကျောင်း က လေးနှစ်ကျော်ငါးနှစ်နီးပါးတက်ခဲ့ ရတော့ ပရိတ်သတ် တွေတဲ့ အရမ်း အလှန်းဝေးသွားမှာဆိုးလို့ ဂျပန်မှာရှိနေတဲ့ အချိန်မှာပဲ ၂၀၁၀ လောက်က ဒုတိယ အခွေထွက်နိုင်ခဲ့ တယ်။ လူကိုယ်တိုင်လဲ မရှိ ကျောင်းတဖက်နဲ့ ဆိုတော့ ဒုတိယ အခွေလေး ကို လူသိပ်မသိခဲ့ ဘူး ။ ရန်ကုန် ပြန်ရောက်တဲ့ အခါမှာ တတိယ အခွေလေးကို ဆက်လုပ်ဖြစ်တယ် ။ ဖိဖိစီးစီး လုပ်လိုက်တော့ လူပြန်သိလာခဲ့ တယ် ။ ပွဲတွေဆိုရင် ပေါက်ခဲ့ တဲ့ သီချင်းဟောင်းတွေကြီးပဲ ဖြစ်နေတဲ့ အတွက် ဆရာ ဦးစိုးလင်းနဲ့ တိုင်ပင်ပြီး စတုတ္ထအခွေကို စီစဉ်ဖြစ်ခဲ့ တာပါ ။

ကိုဟဲလေး ၊ ကိုဒီယံ တို့ ပါဝင်ပေမယ့် ယုန်လေး ကတော့ တသက်လုံးပါစရာအကြောင်းမရှိတော့ပါဘူး ။ အချစ်ရေး က ပြီးဆုံးသွားပါပြီ ။ ဘာကြောင့်လဲ ဆိုတော့ ရွေးချယ်မှု မှားခဲ့ လို့ပါ ။ အခု ထွက်မယ့် အခွေမှာလဲ အဆွေးသီချင်းတွေ ကျိန်းသေပေါက် ပါမှာပါ " လို့ ပြောသွားခဲ့တာပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် Po Po Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။