YBSယာဉ်လိုင်းများတွင်ယာဉ်နောက်လိုက်များမထားတော့

ဇူလိုင်၂ဝရက်နေ့မှစတင်၍YBSယာဉ်လိုင်းများတွင်ယာဉ်နောက်လိုက်စပါယ်ယာများမထားတော့ပဲ cash boxများတပ်ဆင်ကာ ယာဉ်စီးခကောက်ခံသွားမည်ဟုသိရပါတယ်

ကိုယ်ရကိုယ်ယူကန်ထရိုက်စနစ်နှင့်ယာဉ်နောက်လိုက်မှယာဉ်စီးခလိုက်လံကောက်ယူသည့်စနစ်တို့အားဖျက်သိမ်းသွားမည်ဖြစ်ကာအစိုးရလမ်းညွှန်ချက်အတိုင်း cash boxတပ်ဆင်ကာ ယာဉ်စီးခကောက်ခံသွားမည်ဟုpower elevenကုမ္မဏီမှကိုတရုတ်လေးကပြောပါတယ် လက်ရှိ၂၁ယာဉ်လိုင်းတွင်ပြေးဆွဲနေသောpowerelevenကုမ္မဏီမှကားများတွင်စပါယ်ယာမပါပဲ ကားခကိုခည့်ရန်ခြင်းများထားရှိပါတယ် နောက်ပိုင်းမှာcash boxများတပ်ဆင်သွားမှာဖြစ်တယ်လို့ပြောပါတယ်

အချို့သောယာဉ်လိုင်းများcash boxတပ်ဆင်ကာပြေးဆွဲနေပြီဖြစ်ပါတယ် ခရီးသွားပြည်သူများအနေဖြင့်ယာဉ်စီးခကိုကိုယ်တိုင်ထည့်သွင်းရတာဖြစ်ပါတယ် 

သတင်းအရင်းမြစ် mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။