အသက်ငယ်ငယ်လေးနဲ့ မိသားစုစားဝတ်နေရေးအတွက် လမ်းဘေးလူရွှင်တော်လုပ်နေရတဲ့ ကလေးလေး

//s9.kh1.co/25/2548008ec3c92575b2890ae632a209ec2208ccbd.jpg
နိုင်ငံတကာသတင်းများ

 ၁၁-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မိသားစုစားဝတ်နေရေးအတွက် အသက်ငယ်ငယ်လေးတွေနဲ့ နေပူမရှောင် မိုးရွာမရှောင် အလုပ်ထွက်လုပ်နေရတဲ့ ကလေးငယ်လေးတွေရှိပါတယ်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်းမှာလည်း ဒီလိုကလေးငယ်လေးတွေများစွာရှိကြပြီး သူတို့လေးတွေဟာ အခြားကလေးတွေနည်းတူ ကျောင်းတက်ဖို့တောင် မတတ်နိုင်ကြဘဲ အလုပ်တွေလုပ်နေကြရတာပါ။

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း  အသက် 9 နှစ်အရွယ် Rehan ဆိုတဲ့အင်ဒိုနီးရှားနိုင်ငံသားလေး အကြောင်းဟာ ပျံ့နှံ့နေပါတယ်။

photo credit - rhmasii instagram 
photo credit - rhmasii instagram 

ဒီကလေးလေးကတော့ သူ့မိသားစုအတွက် လိုအပ်နေတဲ့ငွေးကြေးကို ရရှိဖို့အတွက် လမ်းမတွေပေါ်မှာ အရုပ်ကြီးတွေဝတ်ပြီး ဖျော်ဖြေကာ ငွေရှာပေးနေရတာပါ။

ဒီကလေးလေးဟာ သူ့အလုပ်လုပ်တဲ့နေရာကိုရောက်ဖို့ နေ့စဉ် 10 kilometers လောက်လမ်းလျှေက်ရပြီး တစ်နေ့တစ်နေ့မတူညီတဲ့ ကာတွန်းဇာတ်ကောင်ဝတ်စုံတွေ ငှားဝတ်ပြီး လူတွေကိုဖျော်ဖျေကာ ပိုက်ဆံရှာနေတာပဲဖြစ်ပါတယ်။

သူပိုက်ဆံရှာရတဲ့အကြောင်းရင်းကတော့ သူ့အမေရဲ့ဝင်ငွေဟာ အိမ်လခပေးဖို့တောင်မလောက်မငှဖြစ်နေတာကြောင့် သူ့အနေနဲ့ လမ်းဘေးလူရွှင်တော်လေးလုပ်ပြီး ပိုက်ဆံရှာကာ မိဘကိုကူညီပေးချင်တာကြောင့်ပဲဖြစ်ပါတယ်။

photo credit - rhmasii instagram
photo credit - rhmasii instagram

Rehan ရတဲ့ငွေလေးတွေဟာ အိမ်လခထဲမှာထည့်သုံးလိုက် အစားအသောက်ဖိုးလေးသုံးလိုက်နဲ့ ကျန်တဲ့ငွေလေးတွေကိုတော့ စုပြီး သူ့ကျောင်းစရိတ်အတွက် အသုံးပြုတာပဲဖြစ်ပါတယ်။

ဒီကလေးလေးရဲ့အကြောင်းကိုတော့ rhmasii ဆိုတဲ့ instagram အကောင့်ကနေ ထုတ်ဖော်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။

ယခုမြင်တွေ့နေရတဲ့ပုံလေးတွေထဲမှာလည်း Rehan လေးဟာအရမ်းပင်ပန်းလို့ စိတ်ဓာတ်ကျချင်နေပေမယ့်လည်း မိသားစုအကြောင်းကိုတွေးပြီး မနည်းအားတင်းထားတာကို မြင်တွေ့နေရသလိုပါပဲ။

Reham လေးလို သိတတ်လိမ်တာတဲ့ သားလေးတစ်ယောက်ကို ရထားတာက သူ့ရဲ့မိခင်အတွက်တော့ အဆိုးထဲက အကောင်းလို့ ဆိုရမှာပါပဲ။

photo credit - rhmasii instagram
photo credit - rhmasii instagram

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T