လိမ်နေတာကို သေချာပေါက်အတည်ပြုနိုင်မယ့် နည်းလမ်းသုံးသွယ်ပါ။ လူတစ်ယောက် သင့်ကို လိမ်နေတာလား၊ အမှန်ပြောနေတာလား သိချင်ချင်ရင် ဒီနည်းတွေနဲ့ စမ်းသပ်နိုင်ပါတယ်။

၁။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာထက် ပိုနေတာ။

သင်မေးတဲ့မေးခွန်းရဲ့ အဖြေက ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ နှစ်မျိုးပဲ ရိုးရိုးလေးပြန်ဖြေစရာပါ။ ဒီနှစ်မျိုးကို ပြတ်ပြတ်သားသားမဖြေနိုင်ဘဲ ကွေ့ပတ်ပြီး ဟိုလိုလို ဒီလိိုလု အကြောင်းရင်းတွေ ပေးနေပြီဆိုရင်တော့ ဒီလူသင့်ကို လိမ်နေတာ သေချာနေပါပြီ။

၂။ အင်း..အဲ နဲ့စပြီးပြောတာ

စဉ်းစားနေရသလိုလို၊ အင်း..တို့ အဲ..တို့ နဲ့ အစပြုပြီး သင့်ကိုရှင်းပြနေရပြီဆို အဲလူဟာ ပြောရမယ့် အကြောင်းပြချက်ကို ဖန်တီးပြီးပြောနေတာပါ။ တကယ် အမှန်ပြောနေတဲ့သူဟာ ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို သင်သိအောင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ပါတယ်။

၃။ ဘာကြောင့်နင်ပြောတာ ယုံရမှာလဲ

ဒီမေးခွန်းကတော့ လိမ်လားမလိမ်လား ဖော်ထုတ်တဲ့နေရာမှာ အတော်အသုံးဝင်တယ်လို့ ဆိုကြပါတယ်။ သင်သံသယဝင်နေတဲ့သူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး " ဘာကြောင့် ပြောတာကို ယုံရမှာလဲ " ဆိုတဲ့ မေးခွန်းပဲမေးလိုက်ပါ။ သူတို့ဆီက ရုတ်တရက် ပုံမှန်ထွက်လာနေကြ အဖြေတွေကတော့ " ငါအမှန်ပြောနေတာမို့လို့ပေါ့။ " ၊ " ငါက ရိုးရိုးသားသားမို့လို့ပေါ့ဟ " တို့ ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ သူလိမ်မလိမ် သင်သိနေလောက်ပါပြီ။

Source : the muse

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။