ဂျာမနီ ဘွန်ဒါလီဂါကလပ် ဒေါ့မွန်အသင်း၏တိုက်စစ်မှူး အော်ဘာမီယန်းသည် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းထံသို့ပြောင်းရွှေ့မည်ဟု သတင်းများထွက်နေသည်။ 

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသည် အော်ဘာမီယန်းကို ခေါ်ယူရန်စိတ်ဝင်စားနေသည့် အပြင် အော်ဘာမီယန်းအနေနှင့်လည်း လူမှုကွန်ယက်ပေါ်တွင် အဝတ်အစားအပြာများဝတ်ဆင်ကာ ဂျက်လေယာဉ်ပေးတွင် ထိုင်နေသည့်ပုံ တင်ထားသောကြောင့် ချယ်ဆီးကိုရောက်တော့မှာလားလို့ တွေးစရာပင်။

အသက် ၂၈နှစ်ရှိပြီးဖြစ်သော အော်ဘာမီယန်းသည် ယမန်နှစ် ဂျာမနီ ဘွန်ဒါလီဂါတွင် ဒေါ့မွန်အသင်းအတွက် ၃၁ဂိုးသွင်းယူပေးကာ ရွှေဖိနပ်ဆုရယူထားသော တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။