မိုးထဲ‌ရေထဲမ‌လေးရှားကိုရှုံးသွားတဲ့မြန်‌မာလူငယ်‌အသင်‌း


မိုး‌တွေရွာ‌နေတဲ ရှာအလမ်‌ကွင်‌းကြီးထဲ မ‌လေးရှားနဲ့မြန်‌မာအသင်‌းတို့ရဲ့ပွဲက‌တော့မြိုင်‌ခဲဲ့တယ်‌လို့ဆိုရမှာပါ။မြန်‌မာအသင်‌းဟာ‌အောင်‌သူ၊‌မောင်‌‌မောင်‌လွင်‌၊လှိုင်‌းဘိုဘိုစတဲ့ကစားသမား‌တွေကိုအနား‌ပေးခဲ့ပြီးအရံ‌တွေနဲ့ပွဲထွက်‌လာခဲ့ပါတယ်‌။‌အောင်‌‌ကောင်‌းမာန်‌၊‌ရွှေကိုတို့ကို‌ရှေ့မှာတွဲ‌ဆော့‌စေခဲ့ပြီးပထမပိုင်‌းမှာ‌ရွှေကိုအပိုင်‌အလုံး‌တွေဖြုန်‌းတီးပစ်‌ခဲ့ပါတယ်‌။မ‌လေးရှားက‌တော့ကြံခိုင်‌မှုအသား‌ပေးကစားဟန်‌‌တွေနဲ့

အမြင်‌့‌ဘော‌တွေကတဆင်‌့မြန်‌မာအသင်‌းကိုရင်‌ဆိုင်‌လာခဲ့ပါတယ်‌။ပထမပိုင်‌းမှာမြန်‌မာအသင်‌းဖိကစားနိုင်‌‌ပေမယ်‌့ ဂိုးရသွားတာ‌တော့မ‌လေးရှားပါ။မြန်‌မာအသင်‌းရဲ့‌နောက်‌တန်‌း‌တွေရဲ့လူကပ်‌ကစားပုံအားနည်‌းမှု‌ကြောင်‌့ဂိုး‌ပေးလိုက်‌ရတာပါ။ပထမပိုင်‌းပြီးခါနီးမှာ‌တော့ ရဲရင်‌့ထွန်‌းအစားလှိုင်‌းဘိုဘို၊၀င်‌လာပါတယ်‌။

ဒုတိယပိုင်‌းမှာ‌တော့မိုးကပိုမိုသည်‌းထန်‌လာပြီးကွင်‌းအတွင်‌း‌ရေဝပ်‌‌နေတာ‌ကြောင်‌့နှစ်‌သင်‌းစလုံးကစားကွက်‌‌‌ကောင်‌း‌ကောင်‌းဖော်‌လို့မရခဲ့ပါဘူး။ဒုတိယပိုင်‌းမှာ‌တော့‌အောင်‌သူ၊သန်‌းပိုင်‌၊‌မောင်‌‌မောင်‌လွင်‌တို့ဝင်‌လာပြီးကစားကွက်‌ပို‌ကောင်‌းလာခဲ့‌ပေမယ်‌့လိုအပ်‌‌နေတဲ့‌ချေပဂိုးမရတဲပြင်‌ (၈၆)မိနစ်‌မှာအမြင်‌့‌ဘောအားနည်‌းမှုနဲ့အတူမ‌လေးရှားအသင်‌းကိုဒုတိယဂိုးထပ်‌မံခွင်‌့ပြုခဲ့ရပါတယ်‌။ဒီပွဲပြီးရင်‌အာရှယူ-၂၃‌ခြေစစ်‌ပွဲကစားရမယ်‌့မြန်‌မာအသင်‌းက‌တော့အားနည်‌းချက်‌‌တွေရှိ‌နေဆဲပါပဲ။

photo-MFF &FAM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။